- 34 -

9.9K 1.1K 219
                                        

OST - Definition of Farewell by Jeon Sang Keun 👆

ဝေးနေတဲ့ အချိန်တုန်းက အမြဲလိုလိုတမ်းမိတာသေချာပေမယ့် အရင်ကလို ရူးရူးသွပ်သွပ် ဖြစ်နေတာမျိုး မရှိတော့လို့ ချစ်တယ်နဲ့မချစ်ဘူးကြား ဝေခွဲမရဘဲ ဗျာများနေခဲ့ရတာ..။

အနားကို ပြန်ရောက်လာတဲ့အချိန်မှာ နှလုံးသားက လိုအပ်နေတာကို တိတိကျကျ သိပါရက်နဲ့ ပြန်လက်ခံဖို့ကို ဦးနှောက်က အပြင်းအထန်ကန့်ကွက်တယ်။

ဒီကောင်လေးက နောက်ထပ် မပွင့်လင်းဘဲ နားမလည်နိုင်စရာတွေ ထပ်လုပ်ရင် ဒီတစ်ခါတကယ်သေမှာ။

ချစ်နေပေမယ့် မချစ်ချင်တော့ဘူး။ မျက်စိအောက်မှာ မြင်နေရတာလည်း အဆင်မပြေဘူး။ ဘာကြောင့်ဒီလို လုပ်သွားရတာလဲဆိုတာ နားလည်နေပေမယ့်လည်း ခွင့်မလွှတ်နိုင်သေးဘူး။

ကိုယ့်ကို အရေးမပါတဲ့သူလို လုပ်ခဲ့တယ်လို့ ခံစားရလို့..။ လွယ်လွယ်လေးနဲ့ထားခဲ့၊ ပြန်ချော့လိုက်ရင် ပြန်ပါလာမယ်လို့များ တွေးခဲ့လေသလား..?! 

ပိုင်ဆိုင်ချင်တယ်။ တစ်ချိန်တည်းမှာပဲ နာကျင်တယ်။
ပြီးတော့ ကြောက်တယ်။ နောက်တစ်ကြိမ် အရူးမီးဝိုင်းဖြစ်ရမှာကို..။

ဘယ်အရာကို ခွင့်မလွှတ်နိုင်ဆုံးလဲဆိုတာကို သိထားပါရက်နဲ့ အဲ့ဒီအရာကိုမှ သေချာပေါက်လုပ်သွားတာမို့ ပိုကြောက်တယ်။

ဘတ်ဟျွန်းက ပန်းကလေးလိုပဲ။
ခူးဆွတ်ဖို့ မကြိုးစားတော့ဘဲ အပင်လေးမှာ လှပစွာပွင့်နေတာကို ဒီတိုင်းငေးကြည့်ချင်စရာပဲ ကောင်းတော့တယ်။  

' ဘတ်ဟျွန်းနီက မောင့်ရဲ့ တစ်ပွင့်တည်းသော မညှိုးပန်းကလေးပေါ့ '

ဒီပိတ်ရက်မှာလည်း ထူးထူးခြားခြား ဘာမှလုပ်စရာမရှိဘဲ အခန်းထဲမှာပဲ ငြိမ်နေမိတာ။ အရင်လို ဓါတ်ပုံတွေ၊ မီးကြိုးလေးတွေ မရှိတော့တဲ့အပြင် ကြားနေကျ လေစင်္ကြာ လည်သံလေးတွေကအစ မကြားရတော့ နေရတာပိုပြီး တိတ်ဆိတ်အထီးကျန်နေတယ်။

သူဝယ်ပေးထားတဲ့ ဂစ်တာရော ကိုယ့် ဂစ်တာအဟောင်းကိုပါ စတိုခန်းထဲပိတ် Lock ချပစ်တာမို့ ဂစ်တာလည်း မတီးဖြစ်တော့ ဘာမှလုပ်စရာမရှိဘဲ တစ်ယောက်တည်း ငေါင်ငေါင်ကြီး ဖြစ်နေပြန်တယ်။

NOSTALGIA [Completed]Donde viven las historias. Descúbrelo ahora