ဒီလိုနဲ့ ပထမနှစ်ဝက်စာမေးပွဲက နီးလာပြီမို့ အရင်လို လတ်လျားလတ်လျား လျှောက်သွားနေတဲ့ အချိန်တွေ နည်းလာပြီ။ အတန်းထဲမှာ Roll call ရရုံပဲထိုင်ပြီး စာထဲစိတ်မဝင်စားတဲ့ ၃ ယောက်အတွက် အခုချိန်မှာ ကယ်တင်ရှင်က ဘတ်ဟျွန်းတစ်ယောက်တည်း။ အတန်းဖြုတ်တာနဲ့ သစ်ပင်အောက်က စားပွဲတစ်လုံးမှာ အဲ့ဒီ ၃ ယောက်ကို စာပြန်ဖြတ်ပေးရတယ်။ တွက်စာတွေဆို ရှင်းပြရတယ်။ ဒီလိုပုံစံတွေနဲ့ အရင်နှစ်တွေက ဘယ်လိုအောင်လာခဲ့လဲ စဉ်းစားလို့မရဘူး။ တော်သေးတယ်၊ Demand နဲ့ Supply တော့ အမြီးအမောက်တည့်အောင် သိသေးလို့။
" Econometric ကို တွက်စာပါတယ်ဆိုပြီး ပေါ့နေတာ။ ဒီလောက်ခက်မယ် မထင်ထားဘူး "
လက်ထဲက ဘောပင်ကို လှည့်နေရင်း ဆယ်ဟွန်းက အီလည်လည် မျက်နှာပေးနဲ့ ပြောလာတယ်။ ဘေးက ၂ ယောက်ကလည်း ရှုံ့မဲ့ပြီး ထောက်ခံသလို ခေါင်းတညိတ်ညိတ်နဲ့။
" ဘတ်ဟျွန်းနီ .. တွက်စာမကြည့်ဘဲ ကျက်စာပဲ ဖြေရင်ရော အောင်လောက်လား "
မျက်လုံးဝိုင်းဝိုင်းကြီးနဲ့ အားတက်သရော မေးလာတဲ့ ချန်းယောလ်စကားအဆုံး ကျန်တဲ့နှစ်ယောက်ကပါ ခုံပေါ်ကနေ ဖင်တွေကြွလာတယ်။
" မင်းတို့တွေ တွက်စာကျတော့လည်း ခက်တယ်ဆိုပြီး မကြည့်ချင်ဘူး။ ကျက်စာကျလည်း များတယ်ဆိုပြီး ငါဖြတ်ပေးထားတာကိုတောင် ကိုယ့်သဘောနဲ့ကိုယ် ထပ်ဖြတ်ကြဦးမှာမလား။ ကျက်စာချည်းဖြေမယ်ဆိုရင်တောင် မင်းတို့ဖြတ်ပုံမျိုးနဲ့ဆို အမှတ်က တစ်ဝက်တောင် ကျန်မှာမဟုတ်ဘူး။ တွက်စာက အဆင့်အလိုက် အမှတ်ရဦးမှာမို့လို့ နားလည်သလောက်ကြည့်သွား။ လုံးဝတော့ မလွှတ်ပစ်နဲ့။ တစ်ဘာသာလေး တွက်စာပါတာ စာကျက်ရတာ သက်သာအောင် ကြံစမ်းပါ "
" လာ .. ဒီမှာလာကြည့် ... "
ပြောပြောဆိုဆို စာရွက်အကြမ်းတွေကို ဆွဲထုတ်ပြီး ပြောလည်းပြော တစ်ခါတည်း ရှင်းပြနေပြန်တယ်။ သူ့ကိုပဲ အားကိုးနေရတာဆိုတော့ ကလန်ကဆန်လည်း မလုပ်ရဲဘူး။
ŞİMDİ OKUDUĞUN
NOSTALGIA [Completed]