- 35 -

9K 1.2K 131
                                    

နဖူးစပ်မှာ တိုးဝှေ့နေတဲ့ ခပ်နွေးနွေးလေငွေ့ကြောင့် နိုးထမှုက အရင်ကနဲ့မတူဘဲ ထူးဆန်းလို့နေတယ်။ ပြီးတော့ တစ်ကိုယ်လုံး ပွေ့ပိုက်ခံထားရတဲ့ ခံစားမှု။ ထပ်ပြီးတော့ ရောက်ရှိနေတဲ့ ခပ်နွေးနွေးရင်ခွင်ကျယ်။

ညက ဘာတွေဖြစ်ခဲ့သလဲ ပြန်စဉ်းစားကြည့်တော့ အုပ်စုဖွဲ့ပြီး သောက်ကြတာကို သတိရတယ်။ ပြီးတော့ အမှန်တရားဆော့ကြတာအထိ မှတ်မိတယ်။ ပြီးတော့ တင်ပါးတွေ ပူလာတာရယ်၊ ဘာလို့မှန်းမသိ ထငိုတာရယ်အထိပဲ သတိရပြီး နောက်ပိုင်း ဘာမှမသိတော့ဘူး။
         
ဘာတွေဆက်ဖြစ်ခဲ့လဲ မသိတော့ပေမယ့် အခုရောက်နေတာ မောင့်ရင်ခွင်ဆိုတာ သေချာလိုက်တဲ့ အသိမှာတင်ပဲ မနက်ခင်းက ခေါင်းကိုက်မှုတွေကြားထဲ ကျေနပ်စရာကောင်းနေပြီ။
         
မတော်တဆပဲဖြစ်ဖြစ်၊ ခဏတဖြုတ်ပဲဖြစ်ဖြစ် ဒီရင်ခွင်၊ ဒီလက်မောင်းတွေရဲ့ ထွေးပိုက်မှုကို အချိန်အကြာကြီး တမ်းတနေခဲ့ရတာ။ ရလာတဲ့ အခွင့်အရေးလေးကို လက်လွှတ်လိုက်ရင် ကိုယ့်ထက်မိုက်တဲ့သူ ရှိတော့မှာမဟုတ်ဘူး။ ဒီအိပ်ရာပေါ်ကနေ မောင် ကန်မချမချင်း မထဘူး။
         
ခပ်ညစ်ညစ်အတွေးလေးကို တွေးမိပြီး ကိုယ့်အကြံကိုယ်သဘောကျကာ 'ဟိ' ခနဲ ရယ်လိုက်မိသေးရဲ့။

မောင်များနိုးသွားမလားလို့ ကိုယ့်ပါးစပ်ကိုယ် လက်ကလေးနဲ့ အုပ်ထားလိုက်ပြီး မော့ကြည့်ရင်း အကဲခတ်တော့ ကောင်းကောင်းအိပ်ပျော်နေဆဲ။
         
အူမြူးစွာပဲ ဘတ်ဟျွန်းက ကိုယ်လုံးလေးကို တွန့်လိမ်တွန့်လိမ်လုပ်ရင်း ရင်ခွင်ထဲ တိုးဝင်လိုက်တော့ ချန်းယောလ်က 'အင်း' ခနဲ သံရှည်ဆွဲရင်း ရင်ခွင်ထဲရောက်လက်စ ကိုယ်လုံးလေးကို တင်းဖက်လိုက်တယ်။
         
တကယ်တော့ ချန်းယောလ် နိုးနေတာကြာပြီ။ တစ်ညလုံး လက်မောင်းပေါ်တင်ထားရတဲ့ ခေါင်းလုံးလုံးကြောင့် လက်မောင်းတစ်ခုလုံး ထုံကျဥ်ပြီး နိုးလာပေမယ့် ရင်ခွင်ထဲမှာ အိပ်မောကျနေသူကြောင့် မလှုပ်ရဲဘဲ ငြိမ်နေမိတာ။
         
ဖြစ်ခဲ့တာတွေ ပြန်စဥ်းစားတော့ ညက ပုံရိပ်တွေက မျက်လုံးထဲ အစီအရီကို ပြန်ပေါ်လာတယ်။ အတူတူသောက်ကြတာတွေ၊ အကောင်ပေါက်က မူးပြီး ထငိုလို့ ချော့ခဲ့ရသေးတာ၊ သူတင်ပါးတွေ ပူလာတာ။ ပြီးတော့ မူးမူးရူးရူးနဲ့ ဘာတွေပြောလို့ ဘာတွေလုပ်မိမှန်းမသိဘူး။
         
တော်ပြီ .. ရှက်စရာကောင်းတယ်။ ပြန်မတွေးတော့ဘူး။ သူက မမှတ်မိရင် တော်သေးတယ်။ မှတ်မိပြီး ကိုယ့်ကို သူမူးနေတုံး အသားယူတဲ့ နှာဘူးကြီးလို့ ထင်သွားရင် ဘယ်လိုလုပ်မလဲ။
         
ဘာပဲဖြစ်ဖြစ် ရူးချင်ယောင်ဆောင်ပြီး ပွေ့ဖက်ထားရတာကို သဘောကျတယ်။ ခွင့်မလွှတ်နိုင်သေးပေမယ့် ဒီသေးသေးလေးကို ရင်ခွင်ထဲထည့်ထားဖို့ မက်ခဲ့ရတဲ့ အိပ်မက်တွေက တစ်ထောင့်တစ်ည မကခဲ့ဘူး။
         
ငုံ့ကြည့်တော့ မြင်နေရတဲ့ နဖူးပြင်လေးနဲ့ မှေးမှိတ်ထားတဲ့ မျက်တောင်ပါးပါးလေးတွေက မျက်နှာလွှဲရက်စရာမရှိ။ ကြည့်နေရင်းပဲ မျက်မှောင်လေးကျုံ့လာတာမို့ မျက်ဝန်းတွေကို အမြန်ပြန်ပိတ်ရင်း အိပ်ချင်ယောင်ဆောင်နေလိုက်တယ်။
         
နိုးလာတာကို ငြိမ်ငြိမ်မနေဘဲ ခေါင်းလေးလှုပ်လိုက်၊ ကိုယ့်ကို မော့ကြည့်လိုက်၊ ဘာတွေသဘောကျမှန်းမသိ 'ဟိ' ခနဲ ရယ်လိုက်တာလေးတွေကို မျက်လုံးတွေမှိတ်ထားရင်း အားလုံး သိနေပါရဲ့..။

NOSTALGIA [Completed]Donde viven las historias. Descúbrelo ahora