- 31 -

7.4K 1.1K 181
                                    

အချိန်က ဆေးတစ်ခုဆိုတာ ချန်းယောလ်အတွက် မမှန်သေးဘူး။ ဘတ်ဟျွန်းထွက်သွားပြီး လ,အတော်ကြာတဲ့အထိ အရူးတစ်ယောက်လိုပဲ။ ဘယ်သွားသွား ဘတ်ဟျွန်းကိုပဲမြင်ပြီး အချိန်တိုင်း ဘတ်ဟျွန်းအသံကိုပဲ ကြားနေတတ်တယ်။ ပါးစပ်ကလည်း ဘတ်ဟျွန်းနာမည်ကိုပဲ တတွတ်တွတ်ခေါ်နေပြီး မျက်ဝန်းတွေကလည်း ဟိုဟိုဒီဒီ လိုက်ရှာနေတတ်ပြန်တယ်။

ယူဟီးက 'အိမ်ပြန်မလာရင် မေမေနဲ့ အကုန်တိုင်ပြောမယ်' ဆိုပြီး ငိုယိုအကြပ်ကိုင်လည်း တုတ်တုတ်မှမလှုပ်ဘူး။ နောက်တော့ မင်ယောင်းက အပါတ်တိုင်း တစ်ရက်စီ အချိန်ပေးပြီး စကားတွေပြောပေးတဲ့အပြင် လွမ်းရင်သောက်ဖို့ဆိုပြီး ဆေးတစ်ဘူး ပေးသွားလေရဲ့။

ပထမတော့ ချန်းယောလ်က အယုံအကြည်မရှိလို့ မသောက်ဘူး။ မယုံဘူးဆိုတာ မင်ယောင်းကို မဟုတ်ဘဲ အလွမ်းပျောက်ဆေးဆိုတာကြီးက ယုတ္တိမရှိလွန်းလို့ မသောက်တာ။

ဒါပေမဲ့ နာကျင်မှုတွေက တမြေ့မြေ့တိုက်စားဆဲ။ အချိန်တွေကြာတော့ တဖြည်းဖြည်း ချည့်နဲ့လာတဲ့ ကိုယ့်ရင်ဘတ်ကို သနားလာတယ်။

ငိုရတာ ပင်ပန်းလာတယ်။
ပြီးတော့ နာကျင်မှုကို ကြောက်လာတယ်။
နာကျင်ရမှာကြောက်လို့ ငိုရမှာကိုပါ ကြောက်လာတယ်။

ပေါက်ကရပြောသွားမှန်း သိပါရက်နဲ့ မင်ယောင်းပေးတဲ့ ဆေးကို စသောက်ကြည့်တော့ လုံးဝမခံစားရတော့သော်ငြား အနည်းအကျဥ်းတော့ သက်သာလာတယ်။

အရင်လို ဘတ်ဟျွန်းကိုလည်း နေရာတိုင်းမှာ မမြင်ရတော့သလို အသံလည်း မကြားရတော့ဘူး။ လိုက်လည်း မရှာမိတော့သလို နာမည်ကိုလည်း ပါးစပ်က ရွတ်မနေတော့ဘူး။ ဒါပေမဲ့ အခန်းကျဥ်းလေးထဲမှာ ချန်းယောလ်က အချိန်ကုန်ဆဲပဲ။

ရှုပ်ပွနေတဲ့ အရာတွေကို သေချာပြန်ရှင်းလင်းပြီး မီးသီးလေးတွေ၊ လိုက်ကာစတွေ ပြန်ဆင်တယ်။ ဓါတ်ပုံလေးတွေ ပြန်ချိတ်တယ်။ ဒါပေမဲ့ အတည့်မဟုတ်ဘဲ မှောက်ခုံမှောက်ပြီး ပြောင်းပြန်ချိတ်ထားတယ်။

NOSTALGIA [Completed]Where stories live. Discover now