Unicode
------------"I really really really really really really like u"
ဝင်လာသော ph ကိုရုတ်တရက် ချပြီးမျက်လုံးပြန်မှိတ်လိုက်သည်။ သတိဝင်လာပြီး phဖွင့်ပြီးနာရီကြည့်လိုက်တော့
"8:00 A.M"
"Ahhh...နောက်ကျပြန်ပြီလား"
"Wait a moment" ခြူး ကို msg ပို့ပြီးကမန်းကတန်း ရေချိူး အဖြူအစိမ်းကောက်လဲလိုက်သည်။"သမီးယွန်း ဖေဖေလိုက်ပို့ပေးရမလား"
အဖေက ဘုရားရှိခိုးနေရင်းလှမ်းပြောလိုက်သည်။"ရတယ် ဖေဖေ သမီး ခြူး နဲ့ပဲသွားလိုက်မယ် နောက်ကျနေပြီမို့သွားတော့မယ်နော်"
"အေး သမီးလေး ဂရုစိုက်သွားနော်"
အဖေလိုက်ပို့တာတော့မခံချင်ပေ။ အဖေကစည်းကမ်းအရမ်းကြပ်ပြီး တတွတ်တွတ်နဲ့မှာနေမှာ၊ ကားပေါ်မှာအဖေမှာတာတွေကိုတော့ နားပူခံပြီးနားမထောင်နိုင်ဘူးလေ။
အိမ်အောက်မှာတော့ ခြူး တစ်ယောက်
ဆူပုတ်ပြီးစောင့်နေလေရဲ့။ ခြူး နဲ့ ကအိမ်တစ်လမ်းကျော်ပဲကွာတော့ ကျောင်းသွားလဲတူတူ ကျောင်းပြန်လည်း တူတူ အချစ်ဆုံးသူငယ်ချင်းတွေလို့ပြောလို့ရတယ်။"ပထမဆုံးကျောင်းတက်ရက်လေးကိုတောင် နင်ကနောက်ကျနိုင်သေးတယ်နော် မိုးကရွာနေပါတယ်ဆိုပြေးရဦးမယ် အတန်းပိုင်ကတော့ ငါ့ကိုမှတ်မိနေတော့မှာပဲ"
" Hee" sry ပါသူငယ်ချင်းရယ် ငါ ညကအိပ်တာနောက်ကျသွားလို့ မြန်မြန်သွားရအောင်"
"မိုးကရွာနေပါတယ်ဆိုကွာ"
ကျောင်းက လသာမှာ ၊ နေတာက
လမ်းမတော်မှာဆိုတော့ လမ်းလျှောက်ပဲသွားရပေမဲ့ ဒီလိုနောက်ကျနေရင်တော့ နှစ်ယောက်သားပြေးရပြီပေါ့။ထင်တဲ့အတိုင်းပဲ ကျောင်းဂိတ်လေးပဲဝင်ရသေးတယ် နိုင်ငံတော်သီချင်းသံစကြားလိုက်ရပြီ။
"အဲ့တာနင့်ကြောင့်" ဆူပုတ်ပြီးပြောနေတဲ့
ခြူး ကိုကြည့်ပြီးရီမိသည်။
နိုင်ငံတော်သီချင်းဖွင့်နေလို့ ကျောင်းသူတွေအကုန်ရောက်တဲ့နေရာမှာ မတ်တပ်ရပ်ပြီးအလေးပြုနေပေမဲ့ မြင်ကွင်းရှေ့ကနေ ကိုးလိုးကန့်လန့်ဖြတ်လျှောက်သွားသူကိုမြင်၍ မော့ကြည့်မိလိုက်သည်။
YOU ARE READING
စွန် (The Kite) { Completed }
Teen FictionTom+Les ( Unicode/ Zawgyi ) (Republish) အချစ်ကို ကိုးကွယ်မိတဲ့အခါ အချစ်ကလွဲပြီး ကျန်တာဘာမှမမြင်တော့။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေ ဖြစ်တဲ့ ကိုယ့် ခံစားချက်တွေကိုတောင် လစ်လှူရှုမိတတ်ကြသည်။ ဦးနှောက်နဲ့ အဆက်အသွယ်ပြတ်ပြီး နှလုံးသားကိုအလိုလိုက်မိတဲ့ခါ က...