Chapter 8

993 79 0
                                    

Unicode
-------------

ဘယ်သူ့ဆီကမှ ပြည့်စုံတဲ့ မေတ္တာမရခဲ့ဖူးလို့ မေတ္တာငက်နေတဲ့သူအတွက် အတ္တကြီးခြင်းဆိုတာမထူးဆန်းဘူးမဟုတ်လား?

ယွန်းနဲ့ မိုးစက် တွဲလာတာဘာလိုလိုနဲ့ ဒီနေ့ဆိုနှစ်လရှိသွားပြီ။ နှစ်လဆိုတဲ့အချိန်က ဘာမှမဟုတ်ပေမယ့် ယွန်း အတွက်တော့ အမှတ်တရတွေအများကြီးရခဲ့တယ်လေ။ကျောင်းစောစောလာတတ်တဲ့ ကောင်လေးက ဒီနေ့မှ ထူးထူးဆန်းဆန်း နောက်ကျနေလို့ ယွန်း corridor မှာထိုင်ပြီး မိုးစက်ကိုစောင့်နေလိုက်တယ်။

"ယွန်း..နင် အတန်းခေါင်းဆောင်မလား" အသံလာရာကိုကြည့်လိုက်တော့ သက်ပိုင်ဖြစ်နေသည်။

"အင်း ဟုတ်တယ်လေ သက်ပိုင်၊ ဘာဖြစ်လို့လဲ"

" Teacher က A နဲ့ B အတန်းခေါင်းဆောင်တွေကိုခေါ်နေတယ်တဲ့ ငါတို့နှစ်ယောက်သွားရမှာ..နင့်ကိုလာခေါ်တာ"

"ငါနောက်မှလာလို့မရဘူးလား မိုးစက် ကိုစောင့်ရဦးမှာမလို့"

"Teacher က ကျောင်းမတက်ခင်လာခဲ့လို့သေချာပြောထားတာ မိုးစက်ကဘယ်ချိန်မှလာမယ်မှန်းမသိတာ"

"နင်ပြောတာလဲဟုတ်ပါတယ် ဆရာမနား‌နေ ခန်း သွားရမှာလား"

"အင်းဟုတ်တယ် သွားကြမယ်"
ယွန်း ဘာမှမတတ်နိုင်၊ အတန်းခေါင်းဆောင်ဖြစ်နေတဲ့အတွက် ခေါင်းဆောင်တာဝန်တော့ကျေမှဖြစ်မယ်လေ။

သက်ပိုင် နဲ့ ယွန်း ရှစ်တန်းအဆောင်ဘက်အတူလှည့်ထွက်သွားတာကို corridor ထဲဝင်လာတဲ့ မိုးစက် မြင်သွားတာကိုတော့ ဘယ်သူမှသတိမထားမိလိုက်။

---------------------------------------------------------

မိုးစက် သက်ပိုင်နဲ့ပြဿနာဖြစ်ပြီးကတည်းက အခန်းထဲမှာ တစ်ယောက်ထဲပဲထိုင်တော့သည်။ ဆရာမနား‌နေခန်းက(C)ခန်းဘက်မှာရှိတာကြောင့် အခန်းဘက်က‌ ရယ်မောစကားပြောပြီး ပြန်လာနေတဲ့
သက်ပိုင်နဲ့ယွန်းကို မိုးစက် မြင်နေရသည်။ သက်ပိုင် (B) ခန်းထဲမဝင်ခင် လက်ပြပြီးတော့တောင် နှုတ်ဆက်နေကြသေးသည်။
မိုးစက်တစ်ယောက် ယွန်း ပေးထားတဲ့ ခဲသားဘောပင်လေးကို အထပ်ထပ်အခါခါ နှိပ်နေမိသည်။ အခန်းထဲ အတန်းပိုင် သာရှိမနေရင် မိုးစက် ဒေါသကြောင့် ဒီကောင့်ကိုသွားထိုးမိနိုင်သည်။ ထိုအချိန်တွင် မိုးစက်ဒေါသကို တစ်ခုခုကငြှိမ်းသတ်လိုက်သည်။

စွန် (The Kite) { Completed }Where stories live. Discover now