Unicode
-------------မြတ်နိုး ကျောင်းသူဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းခဲ့သည်မှာ သက်ပိုင် မြတ်နိုးဘဝထဲဝင်မလာခင်ထိဖြစ်သည်။
(7) တန်းမှာ ရှင်းသန့်ပိုင်က အလွန်ချောတာကြောင့် king လို့ပင်တင်စားကြသည်။ Tomboy ဖြစ်တာကြောင့် သူငယ်ချင်းတွေအကုန်လုံးကတော့ သက်ပိုင် ဟုသာခေါ်ကြသည်။ ဒီလိုလူက မြတ်နိုးကို ချောင်ပိတ်ပြီး ရည်းစားစကားပြောခဲ့တာကြောင့် မြတ်နိုး လွယ်လွယ်လက်ခံလိုက်မိသည်။"မေမြတ်နိုး"
"ဟုတ်" သက်ပိုင်ကိုရှိန်နေတာကြောင့် အသက်တူပေမယ့် ဟုတ် ဟုပြန်ဖြေလိုက်မိသည်။
"ငါနဲ့ခဏလောက်လိုက်ခဲ့ပါလား" သက်ပိုင်က မြတ်နိုးကိုပြန်ဖြေခွင့်တောင်မပေးပဲ လက်ဆွဲပြီး လူရှင်းသည့်နေရာခေါ်သွားသည်။
"ဘာပြောမလို့လဲ"
"ငါနင့်ကိုချစ်မိနေပြီထင်တယ်"
သက်ပိုင် မြတ်နိုးကိုစိုက်ကြည့်ပြီး ပြောလိုက်တာကြောင့် မြတ်နိုး ပထမဆုံးအကြိမ် ရင်ခုန်ဖူးခဲ့သည်။ မြတ်နိုး တစ်ခါမှ ထိပ်တိုက် ရည်းစားစကား အပြောမခံဖူးတာကြောင့် ဘာပြန်ဖြေရမှန်းမသိဖြစ်နေသည်။
"ငါ့ကိုအဖြေပြန်ပေးဦးလေ"
"ငါ..ငါ မသိဘူး"
"ဒါဆိုရင် ငါ့ကိုပြန်ချစ်မယ်ဆိုရင်" သက်ပိုင်ကပြောပြီး သူ့ပါးကိုထောက်ပြပြီး မျက်လုံးမှိတ်ထားသည်။
မြတ်နိုး နားလည်လိုက်တာကြောင့် သက်ပိုင် ပါးကိုထိရုံအမြန်နမ်းပြီး ထွက်ပြေးလိုက်သည်။ သက်ပိုင်က မြတ်နိုးထက်လျင်သည်။ မြတ်နိုးကိုလက်မောင်းကပြန်ဆွဲပြီး ပါးကိုနမ်းလိုက်သည်။ မြတ်နိုး အတွက် ပထမဆုံး ရင်ခုန်သံတွေကို သက်ပိုင် သိမ်းပိုက်သွားသည်။သက်ပိုင်နဲ့တွဲပြီး ပထမတစ်ပတ်လောက် သက်ပိုင် မြတ်နိုးအပေါ်ကောင်းပေမယ့် တဖြည်းဖြည်း မြတ်နိုး ကိုဂရုမစိုက်ဘဲ နေလာသည်။ မြတ်နိုး သည်းခံခဲ့ပေမယ့် နောက်ဆုံး သက်ပိုင် နောက်ကောင်မလေး တစ်ယောက်နဲ့ ပေါ်တင်ထပ်တွဲခဲ့သည်။ ထိုနေ့က သက်ပိုင် မြတ်နိုးကို လမ်းခွဲစကားပြောစရာမလိုအောင် ဖြတ်ခဲ့သည်ထင်သည်။
YOU ARE READING
စွန် (The Kite) { Completed }
Teen FictionTom+Les ( Unicode/ Zawgyi ) (Republish) အချစ်ကို ကိုးကွယ်မိတဲ့အခါ အချစ်ကလွဲပြီး ကျန်တာဘာမှမမြင်တော့။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေ ဖြစ်တဲ့ ကိုယ့် ခံစားချက်တွေကိုတောင် လစ်လှူရှုမိတတ်ကြသည်။ ဦးနှောက်နဲ့ အဆက်အသွယ်ပြတ်ပြီး နှလုံးသားကိုအလိုလိုက်မိတဲ့ခါ က...