Chapter 31

652 53 4
                                    

Unicode
------------

အချိန်အခါမဟုတ် အေးရသည့်ကြားထဲကမှ မိုးက သိမ်မွေ့စွာနဲ့ ဖွဲဖွဲ‌လေးရွာသွန်းနေသည်။ ကျောင်းထဲမှာ မိုးကျသံရယ်၊ ကိုယ့်ခြေသံရယ် ကလွဲလို့ တခြားဘာသံမှမကြားရ။ ခြောက်တန်းဆောင်ရှေ့မှာ plus ကွင်းကို မျက်နှာမူပြီး စိတ်ပျက်ပျက်နဲ့ ထိုင်ချလိုက်သည်။

"ငါဘာတွေလုပ်နေမိတာလဲ"

လွန်း နဲ့အပြင်မှာမတွေ့ဖြစ်အောင်ရှောင်နေတာလည်း သုံးရက်လောက်ရှိသွားပြီ။ ပြတ်သွားပြီလားဆိုတော့လည်း မပြတ်သေး။
ယွန်းကိုလည်း အ‌ဆုံးရှုံးမခံနိုင်ဘဲ ပြန်ခွင့်လွှတ်အောင် ကြိုးစားနေပြန်သည်။

"ငါဘာတွေဖြစ်နေတာလဲ"

---------------------------------------------------------

10:45 a.m , Bell Rings *****

ယွန်းစာအုပ်တွေကို စားပွဲခုံအောက်ထဲသိမ်းပြီးတာနဲ့ ပြတင်းပေါက်အပြင်ကိုကြည့်လိုက်တော့ မိုးစက်က လက်ပြပြီးခေါ်နေသည်။

"ဘာဖြစ်လို့လဲ မိုးစက်"

"နင်အခုအားလား"

"အားတယ်လေ"

"အဲ့တာဆို လမ်းလျှောက်ရင်း စကားခဏလောက်ပြောရအောင်"

"အင်း"

မိုးစက်နဲ့အတူ ဘေးချင်းယှဉ်မလျှောက်ရတာ ကြာနေပြီ။ လေတစ်ချက်တိုက်လိုက်တိုင်း အသွေးအသားထဲထိအောင် ချမ်းစိမ့်တက်သွားသည်။ လေနဲ့အတူ မိုးစက်ရဲ့‌‌အချစ်တွေပါ ပါလားသလားမသိ၊ အေးစက်မှုနဲ့ အတူ နွေးထွေးမှုကိုပါ တစ်ပြိုင်နက်ခံစားလာရသည်။
တိတ်ဆိတ်နေသည့် အချိန်အခါကို မိုးစက်က ဖြိုခွင်းလိုက်သည်။
"နင်နဲ့သက်ပိုင်က ဘာမှမဟုတ်ဘူးမလား"

"ဘာလို့အဲ့လိုပြောနိုင်တာလဲ"

"ငါနင့်ကိုယုံတယ် ယွန်း"

ယွန်းကဘာမှပြန်မပြောဘဲ အရှေ့တည့်တည့်ကိုဆက်လျှောက်နေသည်။

"ငါလွန်းကိုဖြတ်လိုက်ပြီ"

ဒီစကားတစ်ခွန်းက‌တော့ ယွန်း ခြေလှမ်းတွေကိုရပ်တန့်နိုင်စွမ်းရှိသွားသည်။ ဒါပေမယ့်အနောက်က မိုးစက် မျက်နှာကိုလှည့်မကြည့်ဘဲ ခေါင်းကိုအောက်ကိုသာငုံ့ထားသည်။
"ဘာဖြစ်လို့လဲ၊ နင်သူ့ကိုချစ်တယ်မဟုတ်လား"

စွန် (The Kite) { Completed }Where stories live. Discover now