Unicode
-------------ကောင်းကင်တစ်ခုလုံး မိုးတိမ်မည်းတွေဖုံးလွှမ်းနေတယ်။
လူတချို့အတွက်တော့ မိုးစက် တွေက သာမန် မိုးရာသီရဲ့ မိုးပေါက်တွေပါပဲ။
လူတချို့အတွက်ကြတော့လည်း မိုးက
နာကျည်းမှုတွေကို ပြန်လည်နိုးကြွစေတယ်။ အလွမ်းဓာတ်ခံရှိသူတွေ အတွက်လဲ လွမ်းဆွတ်ခြင်းဆိုတဲ့ တမ်းတမှုကို
ဆောင်ကျဉ်းပေးတယ်။ဒီခံစားချက်ကအခုဆို တစ်နှစ်တောင်ပြည့်သွားပြီပဲ။ အရင်နှစ်ကလိုပဲ ကျောင်းစစဖွင့်ချင်းရက်မှာမိုးလေးဖွဲလေပြီ။ အထက်တန်းကျောင်းတက်ချိန်က 6:45 ဆိုတော့ မိုးစက် 6:15 တည်းကကျောင်းရောက်နေပြီဖြစ်သည်။ လူတစ်ယောက်စ၊ နှစ်ယောက်စ သာကျောင်းမှာရှိသည်။ အခန်းထဲမဝင်ချင်သေးတာကြောင့် library ရှေ့မှာထိုင်ပြီး သီချင်း နားထောင်ရင်း library တံခါးကိုမှီပြီး မှိန်းနေလိုက်သည်။
"ချလပ်"
ရုတ်တရက် camera သံကြားလိုက်တာကြောင့် မိုးစက် လန့်သွားသည်။ ဘေးဘီကြည့်လိုက်တော့ ဘယ်သူမှမရှိ။ ထိုအသံကိုတော့ မိုးစက်တကယ်ကြားလိုက်တာသေချာပေမယ့် အကြားမှားတာပါလို့ ကိုယ့်ကိုယခကိုလိမ်ပြီး ဖြေသိမ့်လိုက်သည်။မိုးစက်ကော ယွန်းကော Tuition တွေကြောင့် အပြင်မှာမတွေ့ဖြစ်တာ သုံးလရှိသွားသည်။
သို့သော်လည်း ယွန်း တစ်ယောက် ခါတိုင်းလို အိပ်ရာထ နောက်ကျတာကြောင့် ယွန်းနဲ့ခြူး ကျောင်းမရောက်ခင် First bell တီးနေပြီဖြစ်သည်။
ယွန်း အိပ်ရာထနောက်ကျတာရိပ်မိလိုက်သည်မလို့ မစောင့်တော့ဘဲ အတန်းထဲဝင်ထိုင်နေလိုက်တော့သည်။ မိုးစက် နောက်ဆုံးတန်းမှာဝင်ထိုင်ပြီး မကြာဘူး ကောင်မလေးတစ်ယောက် မိုးစက် ဘေးလာထိုင်သည်။ တစ်ခါမှမမြင်ဖူးတာကြောင့် ကျောင်းသူသစ်မှန်း မိုးစက်သိလိုက်သည်။"ကျောင်းသူအသစ်ထင်တယ်"
"အင်း ဟုတ်တယ်၊ ဒီနှစ်မှပြောင်းလာတာ၊ မသိတာရှိရင် ကူညီပေးပါဦးနော်"
မိုးစက် ခေါင်းညိမ့်ပြလိုက်သည်။ ဘာပဲဖြစ်ဖြစ် အတန်းထဲမှာစကားဖော်ပြောတစ်ယောက်တော့ရတာပေါ့။
---------------------------------------------------------
"နှစ်တိုင်း ပထမဆုံးရက်ဆို ကျောင်းနောက်ကျလိုက်ရမှနော်"
YOU ARE READING
စွန် (The Kite) { Completed }
Teen FictionTom+Les ( Unicode/ Zawgyi ) (Republish) အချစ်ကို ကိုးကွယ်မိတဲ့အခါ အချစ်ကလွဲပြီး ကျန်တာဘာမှမမြင်တော့။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေ ဖြစ်တဲ့ ကိုယ့် ခံစားချက်တွေကိုတောင် လစ်လှူရှုမိတတ်ကြသည်။ ဦးနှောက်နဲ့ အဆက်အသွယ်ပြတ်ပြီး နှလုံးသားကိုအလိုလိုက်မိတဲ့ခါ က...