Unicode
-------------ဝရံတာထွက်ပြီး သာယာတဲ့ရာသီဥတုကို အပြည့်အဝခံစားလိုက်သည်။
ကောင်းကင်ပြာက ကြည်လင်ပြီး နေမင်းကလည်း တိမ်စိုင်တို့နောက်ကွယ်ကနေသာ အလင်းပေးနေတာကြောင့် မပူလွန်းလှ ။ လေ လေးတဖြူးဖြူးတိုက်လိုက်တိုင်း နေမင်း အရှေ့က ဖုံးကွယ်ထားတဲ့ တိမ်စိုင်တွေကရွေ့သွားလိုက်၊ အနောက်ကတိမ်စိုင်တွေက နေရောင်ခြည်ကို ပြန်ကွယ်လိုက်နှင့် ကောင်းကင်ကြီးမှာ အလုပ်ရှုပ်နေသည်။ကောင်းကင်ကို ထပ်ကြည့်လိုက်တော့ တိုက်ပွဲတစ်ခုကိုကျွန်တော်တွေ့လိုက်သည်။
လေအဟုန်မှာ ပျံဝဲရင်း တိုက်ခိုက်နေတဲ့ စွန်တွေကို သိပ်စိတ်ဝင်စားသွားသည်။ ဘယ် စွန် အနိုင်ရသွားမလဲ ခန့်မှန်းရတာ စိတ်လှုပ်ရှားစရာကောင်းသည်။ ကံမကောင်းစွာနဲ့ပဲ ကျွန်တော် နိုင်မယ်ထင်ထားတဲ့ စွန်ကလေးမှာ ကြိုးပြတ်သွားရှာပြီ။ လေဟာနယ်မှာ ဝဲပျံနေတဲ့ စွန် ကို လိုက်ကြည့်ရင်း ဆုတောင်းထားသည့်အတိုင်း ကျွန်တော့် ခြံထဲဆိုက်ရောက်လာသည်။
ခြံထဲကို အပြေးအလွှားဆင်းကောက်ပြီး
အမေ့ကို ခွင့်တောင်းကာ လမ်း ပေါ်ပြေးလွှားဆော့ကစားနေမိသည်။ကျွန်တော့်အသက်ကား ဆယ်နှစ်။
"မင်းက စွန်လွှတ်ရတာသဘောကျတယ်လား"
စကားပြောသံကြောင့် ဘေးဘီကြည့်လိုက်တော့ ရပ်ကွက်ထဲကအစ်ကိုတွေ စွန် လွှတ် တဲ့ ကွင်းပြင်ဆီရောက်နေပြီဖြစ်သည်။
"ဟုတ်"
အစ်ကိုက ပြုံးပြပြီး ကောင်းကင်ပေါ်က စွန်ကို ဟန်ချက်ညီအောင် ရစ်လုံးလေးနှင့်ပြန်ထိန်းနေသည်။
ကျွန်တော်လည်း ကျွန်တော့်စွန်လေးကိုပိုက်ပြီး အစ်ကို့ရဲ့ကောင်းကင်ပေါ်က စွန် ကိုငေးနေမိသည်။"စွန်ကိုသေချာမထိန်းရင် တခြား စွန်တွေကြောင့်ပဲဖြစ်ဖြစ် လေအရှိန်ကြောင့်ဖြစ်ဖြစ် စွန် ကြိုးပြတ်သွားတတ်တယ်"
"ဒါဆိုထိန်းရခက်မှာပေါ့"
"သတိမလွတ်စေနဲ့ပေါ့"
စွန် ကိုသာ စိတ်ဝင်တစား စိုက်ကြည့်နေမိသည်။
အစ်ကိုကဆက်ပြီး
YOU ARE READING
စွန် (The Kite) { Completed }
Teen FictionTom+Les ( Unicode/ Zawgyi ) (Republish) အချစ်ကို ကိုးကွယ်မိတဲ့အခါ အချစ်ကလွဲပြီး ကျန်တာဘာမှမမြင်တော့။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေ ဖြစ်တဲ့ ကိုယ့် ခံစားချက်တွေကိုတောင် လစ်လှူရှုမိတတ်ကြသည်။ ဦးနှောက်နဲ့ အဆက်အသွယ်ပြတ်ပြီး နှလုံးသားကိုအလိုလိုက်မိတဲ့ခါ က...