Chapter 6

1.1K 93 0
                                    

Unicode
------------

မိုးစက် က လက်ဖြန့်ပေးနေသည်။ ယွန်း က မိုးစက် လက်ကိုကိုင်မလိုလုပ်လိုက် မကိုင်လိုက်နဲ့ မိုးစက်ကို စ နေသည်။ ကျောင်းဆင်းချိန်တိုင်း လက်တွဲပြီးလမ်းလျှောက်ချင်သည့် မိုးစက် ကို ယွန်း စ နေခြင်းဖြစ်သည်။ corridor ရောက်တော့ ယွန်း က
"မောင် မ ကို သက်ပိုင်နဲ့ သဝန်မတိုနဲ့တော့နော်၊ ‌မ က မောင့်တစ်ယောက်တည်း၊ မောင့်မျက်နှာလေးပဲကြည့်ပြီး မောင့်ကိုပဲချစ်တာ ဟုတ်ပြီလား"

"အင်း" မိုးစက် ပြုံးပြီးခေါင်းညိတ်ပြလိုက်သည်။

"အဲ့တာဆို မ ပြန်တော့မယ်နော် ချစ်တယ် ကလေးလေး" မိုးစက်နှဖူးလေးကို ဖွဖွလေးနမ်းပြီး ခြူးနဲ့ထွက်သွားတော့သည်။ ဖြစ်နိုင်ရင် ယွန်း ကိုနေ့တိုင်း အိမ်ထိလိုက်ပို့ချင်သည်။ ကျောင်းဆင်းချိန်တိုင်း ကျနော့်ကိုထားသွားပြီး ခြူးနဲ့အိမ်ပြန်သွားတာကိုသဘောမကျ။ တကယ်ဆို ကျနော်ကသူ့ချစ်သူလေ။

---------------------------------------------------------

အိမ်မှာဆိုတစ်ယောက်တည်းနေရသည့်
မိုးစက် ကိုသနားလို့ ယွန်း မိုးစက်ကိုအရင်ကထက်အချိန်တွေပိုပေးမိသည်။ ညရောက်တာနဲ့ video call နဲ့ စကားပြောပြီး အိပ်ကြသည်။ မနက် ကျောင်းသွားရင်လည်း စောရောက်တတ်သည့် မိုးစက်က ကျောင်းရှေ့မှာအမြဲစောင့်ပြီး ကြိုတတ်သည်။ ကျောင်းနောက်ကျတဲ့အခါ "ဘာလို့ နောက်ကျနေတာလဲ မ ရာ၊ ကျောင်းများမတက်တော့ဘူးလားလို့စိတ်ပူနေတာ " ဆိုပြီး စူပုတ်ပြီးပြောတတ်သည်။ ယွန်း ကျောင်းတစ်ရက်ပျက်မှာကိုပင် စိုးရိမ်နေတတ်သည့် မိုးစက်ဖြစ်သည်။ ကျောင်းမှာလည်း အချိန်ရရင် ရ သလို
မိုးစက်က (A) ခန်းထဲလာလာနေတတ်သည်။ တစ်ခါတစ်လေ T.r တွေဝင်လာရင်လည်း
မိုးစက် ထွက်ပြေးရသေးသည်။ T.r တွေတောင် မိုးစက်နဲ့ ယွန်း တွဲနေတာရိပ်မိနေပြီထင်ပါရဲ့။ ယွန်း တကယ် အချစ်ဆိုတာကို သူနဲ့တွေ့မှ နားလည်လာသည်။ မိုးစက်နဲ့ အတူရှိနေတဲ့အချိန်တိုင်းက ယွန်း အတွက် သုခဘုံ ဖြစ်သည်။

"မ"

"ပြောလေ မောင်"

"Tmr ကျောင်းလစ်ရအောင်၊ မောင်နဲ့ မ တစ်ခါမှ အပြင်မှာမတွေ့ဖူးသေးဘူးလေ"

စွန် (The Kite) { Completed }Where stories live. Discover now