Unicode
------------ကျနော် မေမြတ်နိုး acc ထဲဝင်ကြည့်ရင်း သိလိုက်ရတာက မေမြတ်နိုး နဲ့ သက်ပိုင်က ပြတ်တာမကြာသေးတဲ့ အတွဲတစ်တွဲဆိုတာပဲ။ Share post တွေအရဆိုရင် သက်ပိုင်ဘက်က စ လမ်းခွဲခဲ့ပုံပေါ်ပြီး မေမြတ်နိုးကတော့ သက်ပိုင်ကိုအတော်နာကျည်းနေသည့်ပုံပေါ်သည်။ သူတို့နှစ်ယောက်ကြားမှာ ကျနော် တော့ နေရခက်တော့မယ်ထင်ပါတယ်။
---------------------------------------------------------
ဒီလိုနဲ့ကျောင်းတက်လာတာ June လပတ်စာမေးပွဲတောင်ဖြေပြီးသွားပြီ။
ယွန်း လဲ မုန့်စားဆင်းချိန်ကော၊ စာမေးပွဲနေ့တွေကော မိုးစက်နဲ့သာ နေဖြစ်သည်။ ယွန်းသူငယ်ချင်းတွေနဲ့ နေနေတဲ့အချိန်တိုင်း
မိုးစက် ကအမြဲလာခေါ်တယ်လေ၊ ပျင်းလို့ဆိုပြီး။ အခုဆို ခြူးနဲ့တောင် ကျောင်းသွား၊ ကျောင်းပြန် အချိန်ပဲတွေ့ဖြစ်တော့သည်။ဘာပဲဖြစ်ဖြစ် သူအနားမှာရှိနေတိုင်း ယွန်း ပျော်သည်။ ယွန်း အတွက် သူအနားမှာရှိနေပြီး သူပျော်နေတာကိုမြင်နေရတာနဲ့ပင် ကျေနပ်ချင်သည်။ အချစ်ဆိုဝာာ ပိုင်ဆိုင်ခြင်းမှမဟုတ်ပဲ၊ သူပျော်နေတာမြင်ရင် ကိုယ်လည်းပျော်သည်၊ သူဝမ်းနည်းနေတာမြင်ရင် စိတ်မကောင်း၊ ပျော်အောင်ဖန်တီးပေးတတ်သည်။ အချစ်ဆိုတာကို တစ်ခါမှမခံစားဖူးပေမယ့် ဒီလိုအေးချမ်းတဲ့ခံစားချက်ကို အချစ်လို့ပဲ ယွန်း ခံယူလိုက်သည်။
ယွန်း, မိုးစက် ကိုချစ်တယ်။
---------------------------------------------------------
သူ့ ကိုယ်သင်းနံ့ကို ကျနော် နှစ်သက်သည်။
သူ့ နှုတ်ခမ်းလှလှ လေးကပြုံးတဲ့ အပြုံးကိုကျနော် သဘောကျသည်။
သူ ပြုံးလိုက်တိုင်း ပေါ်လာတဲ့သွားညီညီလေးတွေကို ကျနော် မြတ်နိုးသည်။
သူက ကျနော့်ကို ဂရုစိုက်တဲ့ အခါ၊ အလေးထားတဲ့အခါ ကျနော်သဘောကျသည်။ သူ့ကို တခြားတစ်ယောက်နဲ့ တူတူတွေ့ရသည့်အခါ ဒေါသတွေအရမ်းထွက်ပြီး သူ့ကိုပိုင်ဆိုင်ချင်လာသည်။ ကျနော် အရင်ကလည်း ရည်းစားထားဖူးပေမယ့် အခုတစ်ခါတော့ အချစ်ဦးကို ကျနော်တွေ့ပြီထင်သည်။ သစ်ရွက်လှုပ်တာမြင်ရင်တောင် ရင်ခုန်တတ်သည့်အရွယ်ဆိုပေမယ့် ကျနော် သူ့ကိုချစ်နေမိပြီဆိုတာ ကျနော့် ကိုယ် ကျနော်သိသည်။
YOU ARE READING
စွန် (The Kite) { Completed }
Teen FictionTom+Les ( Unicode/ Zawgyi ) (Republish) အချစ်ကို ကိုးကွယ်မိတဲ့အခါ အချစ်ကလွဲပြီး ကျန်တာဘာမှမမြင်တော့။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေ ဖြစ်တဲ့ ကိုယ့် ခံစားချက်တွေကိုတောင် လစ်လှူရှုမိတတ်ကြသည်။ ဦးနှောက်နဲ့ အဆက်အသွယ်ပြတ်ပြီး နှလုံးသားကိုအလိုလိုက်မိတဲ့ခါ က...