Chapter 37 ( Final )

1.7K 64 3
                                    

Unicode
-------------

ဒီတိုင်းအိမ်အမြန်ပြန်ရောက်ပြီး တစ်ယောက်ထဲ အားရအောင်ငိုလိုက်ချင်ပြီ။

ဘာလို့ငါ့အပေါ်ဒီလိုလုပ်ရက်ရတာလဲ?...

ဒီမေးခွန်းကိုပဲ ‌စိတ်ထဲ ထပ်ခါထပ်ခါမေးနေမိသည်။
စိတ်နဲ့ကိုယ်နဲ့ပြန်ကပ်သွားသည့်အချိန်မှာကြည့်လိုက်မိတာက မီးနီနေသည့် မီးပွိုင့်။
သတိထားမိမိလိုက်ချင်း brake အုပ်ဖို့ကြိုးစားပေမယ့် မမှီတော့၊ တစ်ဖက်လမ်းရဲ့အလယ်ကိုရောက်နေပြီ။

တောက်ပနေတဲ့ ကားရှေ့မီးနှစ်ခုက မျက်လုံးထဲ စူးခနဲတိုးဝင်သွားသည်။

တစ်စုံတစ်ခုကနေ နက်ရှိုင်းသောအရာတစ်ခုခုထဲသို့ပြုတ်ကျသွားသည့်အလား။

-----------------------------------------------------------------

"တိုက်မိပြီး လွင့်ထွက်သွားတဲ့အရှိန်ကပြင်းတဲ့အတွက်ကြောင့် ဦးခေါင်းမှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတယ်၊ အချိန်သိပ်မကျန်တော့ဘူး"

ဆရာဝန်ကပြတ်ပြတ်သားသားပြောသွားပြီ။

မြတ်နိုးက အခန်းထောင့်က ထိုင်ခုံမှာ တိတ်တိတ်လေးငိုနေပြီ။ U.S ရောက်နေသည့် မိုးစက် ဦးလေးကလည်း ချက်ချင်းလက်မှတ်ဖြတ်ပြီး မြန်မာနိုင်ငံပြန်လာနေပြီ။

မိုးစက်က ကလေးလေးတစ်ယောက်လိုအိပ်နေဆဲ။ နှလုံးခုန်နှုန်းကတော့ တက်လိုက်၊ ကျလိုက်နှင့် ဆော့ကစားလျက်။
သတိပြန်ရတော့မည့်အခြေအနေကိုတော့မမြင်ရပေ။

"မင်း suicide လုပ်တာမဟုတ်ဘူးဆိုတာ မ သိတယ် ကလေး၊ ဒါက accident သက်သက်ပဲမလား"

ကွဲကြေနေသည့် မိုးစက် phone ကိုကောက်ယူပြီး ဖွင့်လိုက်သည်။

Lock screen wallpaper က မိုးစက်နဲ့ ယွန်း ရဲ့ပုံလေးကိုမြင်တော့အလိုလိုပြုံးမိသွားသည်။

Password ကတော့အရင်အတိုင်း ယွန်း မွေးနေ့ကိုပဲထည့်ထားဆဲ။

Home screen wallpaper မှာ ယွန်း ပုံတင်ထားတာကိုမြင်တော့ ပိုလို့တောင်ပြုံးမိသွားသည်။

Application တွေကများများစားစားမရှိ။
Games တွေရယ်၊ facebook ရယ်၊ messenger ရယ်။ Gallery ထဲမှာ ယွန်းပုံတွေရယ် နှစ်ယောက်အတူတူရိုက်ထားတဲ့ပုံတွေရယ်က 70% လောက်စိုးမိုးထားသည်။

စွန် (The Kite) { Completed }Where stories live. Discover now