Unicode
------------မောင်ကျောင်းမလာတာ ဒီနေ့ဆိုလေးရက်ပြည့်ပြီ။ မနေ့ကလည်း ဒီကလေးက မိုးရေထဲမှာ အကြာကြီးနေနေတာ။ တစ်ယောက်တည်းနေတာဆိုတော့ တစ်ခုခုများဖြစ်နေမလား။ စိုးရိမ်စိတ်က စက္ကန့်နဲ့အမျှ မြင့်တက်လာသောကြောင့် အဖေ လစ်သည်နှင့် မိုးစက်ကို ph ကောက်ဆက်တော့သည်။
"မောင် ဒီနေ့ကောဘာလို့ကျောင်းမလာတာလဲ""မောင် ညကမိုးရေထဲရပ်တာကြာသွားလို့ထင်တယ်၊ အဆုတ်အအေးပက်သွားလို့"
" မောင်ကတော့ကွာ၊ ဘာလို့တဇွတ်ထိုးလုပ်ရတာလဲ၊ မောင်တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲကွ"
"နေမကောင်းပါဘူးဆို၊ မဆူနဲ့တော့ မရာ"
"ဟုတ်ပါပြီ၊ မ ကနောက်တစ်ခါထပ်လုပ်မှာစိုးရိမ်လို့ပါ၊ အရင်နေ့တွေကကောဘာလို့ကျောင်းမတက်တာလဲ"
"အဲ့တုန်းကလည်း ဒီတိုင်းနေမကောင်းလို့ပါ၊ စိတ်မပူနဲ့တော့ monday ပြန်တက်မှာ"
"စာတွေကောဘယ်လိုပြန်ကူးမှာလဲ"
"မြတ်နိုးက နေ့တိုင်းသင်တဲ့စာတွေအကုန်ပို့ပေးထားတယ်၊ tmr မှ အဲ့စာတွေ print သွားထုတ်လိုက်မယ်"
"Aww"
"မောင်နေမကောင်းသေးလို့ပြန်နားလိုက်တော့မယ်နော်၊ ချစ်တယ် မ"
"အင်း ချစ်တယ်။နေကောင်းသွားရင် စကားလာပြောနော်"
"ဟဲ့ နင်နဲ့မိုးစက် အဆင်ပြေသွားပြီလား၊ ကျောင်းမှာနင့်ကိုမတွေ့ဖြစ်လို့ခုမှမေးရတာ" မြတ်နိုးဆီမှ msg ဖြစ်သည်။
"အင်း ပြေသွားပြီ၊ မနေ့ညက သူငါ့အိမ်အောက်ရောက်လာတယ်လေ"
"ငါကသူ့ကိုနင့်အဖေအကြောင်းပဲပြောလိုက်တာပါ၊ အဲ့မှာ နင်မချစ်လို့သူ့ကိုဖျက်တာဆိုရင်တောင် ငြိမ်နေပေးမယ်တဲ့၊ နင်ကချစ်ရက်နဲ့တော့ သူနင်နဲ့မခွဲပေးနိုင်ဘူးဆိုပြီး အဲ့လိုလုပ်ချလိုက်တာပဲ"
"သူက အရမ်းတဇွတ်ထိုးဆန်တယ်ဟာ"
"နင်ကလည်း သူကနင့်ကိုအဆုံးရှုံးမခံနိုင်လို့ လုပ်မိလုပ်ရာလုပ်လိုက်တာပါ၊ အခုလည်း သူ့အဖျား 104°F တောင်ရှိတယ်တဲ့၊ ဆူမနေပဲ ဂရုစိုက်လိုက်ဦး" မြတ်နိုးကတောင် ကိုယ့်သူငယ်ချင်းထက် နောက်မှခင်သည့် မိုးစက် ဘက်က လိုက်ပြောပေးနေပြီပဲ။
YOU ARE READING
စွန် (The Kite) { Completed }
Teen FictionTom+Les ( Unicode/ Zawgyi ) (Republish) အချစ်ကို ကိုးကွယ်မိတဲ့အခါ အချစ်ကလွဲပြီး ကျန်တာဘာမှမမြင်တော့။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေ ဖြစ်တဲ့ ကိုယ့် ခံစားချက်တွေကိုတောင် လစ်လှူရှုမိတတ်ကြသည်။ ဦးနှောက်နဲ့ အဆက်အသွယ်ပြတ်ပြီး နှလုံးသားကိုအလိုလိုက်မိတဲ့ခါ က...