Chapter 11

881 69 0
                                    

Unicode
------------

စာမေးပွဲပြီးပြီဖြစ်လို့ မနက်ဖြန်ဆို England သွားရတော့မှာဆိုတော့ မိုးစက် ဒီနေ့ပစ္စည်းတွေအပြီးထည့်ရတော့မှာကိုတွေးပြီး corridor ဘက်ကိုခပ်သုတ်သုတ်လျှောက်လာလိုက်သည်။ ယွန်းကတော့ ပန်းပွားကိစ္စနဲ့တီချယ်ခေါ်တယ်ဆိုလို့ ဆရာမဆီသွားလေပြီ။ အိမ်စောစောပြန်ရမှာမလို့ ယွန်းကိုမစောင့်တော့ဖို့ဆုံးဖြတ်လိုက်သည်။

"မေမြတ်နိုး"
မိုးစက်ရှေ့မှာ မြတ်နိုးကိုတွေ့လိုက်တာမလို့ တစ်ခုခုသတိရပြီးလှမ်းခေါ်လိုက်သည်။

"aww မိုးစက်ပြောလေ"

"အခုဘယ်သွားဖို့ရှိလဲ"

"မရှိပါဘူး အိမ်ပဲတန်းပြန်မှာ ဘာဖြစ်လို့လဲ"

"ငါပြောစရာနည်းနည်းရှိလို့ အဆင်ပြေရင် ငါ့ကားနဲ့လိုက်ခဲ့ပေးပါလား၊ အိမ်ပြန်လိုက်ပို့ပေးမယ်လေ ကားပေါ်မှာစကားပြောရအောင်"

"အင်း ရတယ်လေ၊ ငါလိုက်ခဲ့မယ်"

---------------------------------------------------------

ညသန်းခေါင်ရောက်သည့်အထိ မိုးစက်ဆီက message တစ်စောင် မှဝင်မလာခဲ့။ ယွန်းဘက်က စ ခေါ်မှဖြစ်မှာလား။ ယွန်းဘက်က စ မေးမှဖြေမှာလား။ ယွန်း ကိုသဝန်တိုချုပ်ခြယ်သလောက် ယွန်း ဘက်ကိုတစ်ချက်မကြည့်ပေးဘဲ နေချင်သလိုနေနေသည့် မိုးစက် ကိုတကယ်နားမလည်နိုင်။
မိုးစက် ကို ဂရုစိုက်ဖို့မှာချင်ပေမယ့် မာန ကိုရှေ့တန်းတင်ထားမိလို့လား၊ မိုးစက် ကိုအပြစ်ရှိတယ်လို့ ယူဆထားမိလို့လားမသိ။
စ ခေါ် ရမယ့်အလုပ်ကိုမလုပ်ချင်။
မိုးစက် အဆင်ပြေမှာပါ။ ယွန်း ဂရုမစိုက်လဲ
မြတ်နိုး ရှိနေတာပဲလေ။

---------------------------------------------------------

စုံညီပွဲဖြစ်တဲ့အတွက် ကျောင်းပေါင်းစုံက ဘင်ခရာအဖွဲ့တွေ ကျောင်းသူတွေနဲ့ စည်ကားနေသည်။ ယွန်း လှည့်ပတ်ကြည့်ရင်း တစ်နေရာ‌တွင် မြတ်နိုးတို့သူငယ်ချင်း အုပ်စု ကိုတွေ့လိုက်သည်။

"မြတ်နိုး"

"အင်း ပြောလေ ယွန်း"

"ငါမေးစရာလေးရှိလို့"

"မေးလေ"

"စာမေးပွဲနောက်ဆုံးရက်က နင်ဘယ်သွားသေးလဲ"

စွန် (The Kite) { Completed }Where stories live. Discover now