Chapter 22

763 50 0
                                    

Unicode
-------------

"နင် ချစ်နေတဲ့သူက..?"

"လွန်းပိုးအိမ်"

"ဘယ်သူ?" မိုးစက် အဖြေကြောင့် ကိုယ့်နားကိုယ်မယုံနိုင်ဖြစ်သွားသည်။

"8 တန်းက"

"မဟုတ်‌ဘူးလေ၊ ငါသူ့ကိုသိပါတယ် ဒါပေမယ့် နင်နဲ့သူနဲ့က ဘယ်လိုဖြစ်လို့"

"ငါမသိဘူး၊ ငါသတိထားမိလိုက်တဲ့အချိန်မှာငါသူ့ကို ချစ်မိနေပြီ"

"ဒါဆို ယွန်းကကော"

"ငါ ယွန်းကိုလည်းချစ်တယ်"

"ဘာပြောတယ်မိုးစက်"

မြတ်နိုးရဲ့ နားမလည်နိုင်ဖြစ်နေတဲ့အကြည့်တွေကို မိုးစက် တွေ့လိုက်သည်။

"ငါ့ကိုယ်ငါလည်းမသိတော့ဘူး၊ ငါယွန်းကိုလည်း အရမ်းချစ်ပါတယ်၊ ဒါပေမယ့် လွန်းကလည်း ငါ့အပေါ်အရမ်းနွေးထွေးတယ်"

"နင် တော်လိုက်တော့၊ ငါသွားတော့မယ်"  ထပြီးစာသင်ခန်းထဲကထွက်ဖို့လုပ်လိုက်သည်။

မိုးစက်က မြတ်နိုးလက်ကိုဆွဲပြီး
"မြတ်နိုးရာ ငါ့မှာပြောပြစရာဆိုလို့နင်ပဲရှိတာပါ"

"ငါလေ နင့်ကိုချစ်မိလို့နောင်တရတာ ဒီတစ်ခါ ပထမဆုံးပဲ"

ဒီတစ်ခါတော့ မြတ်နိုးရဲ့နားမလည်နိုင်တဲ့အကြည့်တွေကနေတစ်ဆင့် ကျလာတဲ့ မျက်ရည်စတွေကိုပါ မြင်နေရသည်။

"မြတ်နိုး"

မိုးစက်ခေါ်သံကိုဥပေက္ခာပြုပြီး မြတ်နိုးအခန်းထဲကထွက်သွားတော့သည်။

မိုးစက်ရဲ့ ဘယ်လိုခံစားချက်မျိုးမဆို နားလည်ပေးနိုင်ခဲ့ပေမယ့် ဒီတစ်ခါတော့ မိုးစက် ကို နားလည်မပေးနိုင်။

---------------------------------------------------------

ကျွန်တော့်အထင် မြတ်နိုးတော့ ကျွန်တော့်အပေါ်နားလည်မယ်ထင်ခဲ့တာ။ အခုတော့ ကျွန်တော့်နားမှာဘယ်သူမှမရှိတော့ဘူး။ မြတ်နိုးကိုလည်း ရင်မဆိုင်ရဲသေးတာကြောင့် tuition မသွားဘဲ ခွင့်ယူလိုက်သည်။
Tuition ဆင်းချိန်လောက်ရောက်တော့အချိန်မှန်ခေါ်နေကြ phone လေးဝင်လာသည်။

စွန် (The Kite) { Completed }Where stories live. Discover now