Unicode
-------------ယွန်း က တစ်ဦးတည်းသောသမီးဖြစ်တာကြောင့် ဖေဖေက စည်းကပ်ကြပ်တာက လွဲရင် ယွန်း ဘဝအလွန်ပြည့်စုံခဲ့သည်။ မိဘတွေရဲ့ ဆုံးမသွန်သင်မှုကြောင့် ယွန်းက ယဉ်ကျေးပြီး သိမ်မွေ့သူဖြစ်သည်။ အပေါင်းအသင်း အလွန်မက်၍ လူမှုဆက်ဆံရေးလည်း အလွန်ကောင်းတာကြောင့် လူတိုင်း အားကျခြင်းခံရသည်။
ဒါတင်မက ကျောင်းမှာလည်း စာတော်လို့ နှစ်တိုင်း ဆုတွေရခဲ့သည်။ဒါတွေအားလုံးက ယွန်း အတွက်တော့ ပုံမှန်ပါပဲ။ ပုံမှန်မဟုတ်တဲ့အရာတစ်ခု ဖြစ်မလာခင်အထိပေါ့။
(8) တန်း ကျောင်းစတက်သည့်နေ့တွင် မနက်ပိုင်း ကျောင်းနောက်ကျရုံတင်မက ညနေအိမ်ပြန်တော့လည်း မိုးရွာနေသည့်ကြားက ထီးပါကျိုးသွားသည်။ ထိုနေ့က အမှတ်မထင်ပဲ ထီးဆောင်းပြီး အိမ်ပြန်လိုက်ပို့သည့် မိုးစက်သစ်ဆိုတဲ့ကောင်မလေး တစ်ယောက်ကိုချစ်မိသွားသည်။ မိန်းကလေးကျောင်းမှာ သူငယ်တန်းကတည်းက တက်ခဲ့တာမလို့ မိန်းကလေးနှစ်ယောက်ချစ်တာကို အထူးအဆန်းမဖြစ်ပေမယ့် ယွန်း ကိုယ်တိုင် ချစ်မိသွားမယ်လို့ တစ်ခါမှမထင်ခဲ့။
ယွန်း သူ့ကို မိန်းကလေးမလို့ချစ်တာလို့လည်း ပြောလို့မရ။ သူ့ဖြစ်တည်မှု၊ သူ မလို့ ကို ယွန်း ချစ်မိသွားခြင်းဖြစ်သည်။
---------------------------------------------------------
တစ်ခါမှအချစ်ရေးစိတ်မဝင်စားခဲ့သလောက် မိုးစက် နဲ့တွေ့မှ ရင်ခုန်တတ်လာသည်။ ရင်ခုန်သံတွေ ထပ်တူကျခဲ့တာကြောင့် ယွန်း နဲ့ မိုးစက် ချစ်သူတွေဖြစ်သွားသည်။ အရင်က သူငယ်ချင်းတွေနဲ့ပျော်ပျော်နေတတ်သလောက် အခုဆို မိုးစက် နဲ့ပဲနေပေးဖြစ်သည်။ မိုးစက် က ဂရုလည်းစိုက်တတ်သည်၊ နွေးလည်းနွေးထွေးသည်။ သဝန်တိုတတ်တာကလွဲရင် မိုးစက် က ယွန်း အပေါ်အလွန် ချစ်ပေးသည်။ ယွန်း နဲ့ပက်သက်သမျှကိုလည်း သေးသေးလေးကအစမှတ်ထားတတ်သည်။
---------------------------------------------------------
ဘယ်သူက ဘယ်လို ယွန်း မိဘတွေကိုချွန်လိုက်လည်းမသိ။ ယွန်း နဲ့ မိုးစက် တွဲနေတာကို ဖေဖေ သိသွားသည်။ ပုံမှန် ဒီလိုအချိန်မှာ ယောက်ျားလေးတစ်ယောက်နဲ့ တွဲမိရင်တောင် ကြိမ်းမောင်းခံရမှာသိရက်နဲ့ မိန်းကလေး တစ်ယောက်ကို ရွေးခြယ်ထားသည့် ယွန်း အတွက် အိမ်မှာ မိုးမီးလောင်တော့သည်။ ယွန်း အစပိုင်းတော့ ဖေဖေ့ဒဏ်မခံနိုင်တော့လို့ မိုးစက်ကို လမ်းခွဲမိပေမယ့် သေချာစဉ်းစားကြည့်တော့ မိုးစက် ကို ယွန်း ဘယ်လိုမှမခွဲနိုင်။
YOU ARE READING
စွန် (The Kite) { Completed }
Teen FictionTom+Les ( Unicode/ Zawgyi ) (Republish) အချစ်ကို ကိုးကွယ်မိတဲ့အခါ အချစ်ကလွဲပြီး ကျန်တာဘာမှမမြင်တော့။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေ ဖြစ်တဲ့ ကိုယ့် ခံစားချက်တွေကိုတောင် လစ်လှူရှုမိတတ်ကြသည်။ ဦးနှောက်နဲ့ အဆက်အသွယ်ပြတ်ပြီး နှလုံးသားကိုအလိုလိုက်မိတဲ့ခါ က...