Unicode
-------------"တစ်နှစ်ဆိုတဲ့အချိန်က ကုန်တာအရမ်းမြန်တယ်နော်၊ အခုဆို အတန်းတင်စာမေးပွဲဖြေဖို့ အချိန်နှစ်လပဲကျန်တော့တယ်၊ အစိုးရစစ်မလို့ မပေါ့ကြနဲ့နော်၊ ပြီးတော့ အထက်တန်းရောက်သွားရင်လည်း လိမ်လိမ်မာမာနေကြ၊ နင်တို့မလိမ္မာရင် အထက်တန်းဆရာမတွေက ငါတို့အလယ်တန်းဆရာမတွေ သေချာ မဆုံးမလို့ဆိုပြီးပြောကြလိမ့်မယ်၊ အခုကစပြီး မပေါ့ပဲစာတွေသေချာပြန်ကျက်ကြတော့နော်"
"ဟုတ်ကဲ့ပါ"
ဆရာမဩဝါဒခြွေပြီးတာနဲ့ မုန့်စားကျောင်းဆင်းခေါင်းလောင်းထိုးသွားသည်။
"ကယ် စကားများနေတာနဲ့စာတောင်ကောင်းကောင်းမသင်လိုက်ရဘူး၊ အားလုံး မင်္ဂလာပါ"
"မင်္ဂလာပါဆရာမ ကျေးဇူးတင်ပါတယ်ဆရာမ"
Canteen က စားပွဲမှာ ယွန်း နဲ့ မိုးစက်ထမင်းစားနေကြသည်။
"အထက်တန်းတွေကဘယ်အချိန်ကျောင်းတက်တာလဲ" မိုးစက်က ထမင်းစားရင်းမေးလိုက်သည်။
"6:45 ထင်တာပဲ"
"aww ကိုးတန်းတက်ရင်အခန်းခွဲမှာလား"
"ဒီနှစ်မခွဲတော့ဘူးလို့ကြားတယ်၊ မနှစ်ကထိတော့ အမှတ်နဲ့အခန်းခွဲတာ"
"ဒါဆို ဒီနှစ်အခန်းအတိုင်းပြန်နေရမှာပေါ့"
"အင်းပေါ့"
"မောင်က မ နဲ့အခန်းတူချင်တာကို" မိုးစက်က ပလုတ်ပလောင်းစားရင်း ပြောလိုက်သည်။
"အခန်းမတူလည်း တွေ့နေရတာပဲကိုလို့"
"အခန်းတူတော့ မ ကိုအမြဲငေးကြည့်နေလို့ရတာပေါ့"
"ဘာပဲဖြစ်ဖြစ် အခန်းမခွဲလည်း grade ကောင်းကောင်းရအောင် သေချာဖြေနော်" မိုးစက် ပါးလေးတစ်ဖက်ကို ညှစ်ပြီးပြောလိုက်သည်။
မိုးစက်က စားနေရင်းနဲ့ပြုံးပြပြီး
"ဟုတ်"---------------------------------------------------------
Valentine's day မှာ funfair လုပ်ပေးတော့ ကျောင်းသူတွေအကြိုက်တွေ့နေကြသည်။ (A) ခန်းအတန်းပိုင်က အနည်းငယ်တင်းကြပ်သောကြောင့် ခဏသာပေးလုပ်ပြီး စာဆက်သင်နေသည်။
B to E ကတော့ တစ်ယောက်အခန်းကမုန့်တွေ တစ်ယောက်လိုက်စားလို့ အခန်းကူးပြီးပျော်ပါးနေကြသည်။
YOU ARE READING
စွန် (The Kite) { Completed }
Teen FictionTom+Les ( Unicode/ Zawgyi ) (Republish) အချစ်ကို ကိုးကွယ်မိတဲ့အခါ အချစ်ကလွဲပြီး ကျန်တာဘာမှမမြင်တော့။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေ ဖြစ်တဲ့ ကိုယ့် ခံစားချက်တွေကိုတောင် လစ်လှူရှုမိတတ်ကြသည်။ ဦးနှောက်နဲ့ အဆက်အသွယ်ပြတ်ပြီး နှလုံးသားကိုအလိုလိုက်မိတဲ့ခါ က...