Chapter 29

648 51 3
                                    

Unicode
-------------

ဆောင်းတွင်း နံနက် 6:15 လောက်ပဲရှိသေးတာမလို့ ကျောင်းကမီးချောင်းတွေကြောင့်သာ ကျောင်းဝန်းထဲမှာအလင်းရောင်မှိန်မှိန်လေးရှိနေသည်။ မှောင်မဲပြီး မြူ‌တွေဆိုင်းနေတာကြောင့် ပတ်ဝန်းကျင်ကိုသဲသဲကွဲကွဲမမြင်ရ။ စာသင်ခန်းတံခါးလည်း မပွင့်သေး။ ကျောင်းဝန်းထဲရှောက်ပတ်ရင်း တစ်စုံတစ်ယောက်ကိုသတိရနေတာကြောင့် ထိုသူရှိတတ်သည့်နေရာကို ခြေလှမ်းနေမိသည်။ ဩဇာပင်နားလည်းရောက်ရော ယွန်းကလည်း ခြေအလှမ်း ထိုသူကလည်း ထိုင်နေရာကနေ လှည့်အကြည့်။ နောက်ပြန်လှည့်တော့မလိုနဲ့ ခြေလှမ်းကိုဆုတ်ပြီးမှ မြင်ပြီးမှတော့မထူးပါဘူးဆိုပြီး မိုးစက်ဘေးဝင်ထိုင်လိုက်သည်။

"နင် လွန်းနဲ့‌ရှိနေမယ်ထင်နေတာ"

"အင်း သူမရောက်သေးဘူးထင်တယ်"

မိုးစက်က အရှေ့ကဘာမှမရှိတဲ့ မြူတွေဆိုင်းနေတဲ့ကွင်းပြင်ကြီးကိုပဲငေးကြည့်နေသည်။
ဖြစ်နိုင်ရင် မိုးစက်အတွေးတွေထဲမှာ ယွန်း ရောပါသေးရဲ့လားလို့ သိချင်နေသည်။

"နင်ကော ကျောင်းကိုအစောကြီးဘာလာလုပ်တာလဲ"

"ငါ့အဖေ ရုံးသွားရင်းနဲ့လိုက်ပို့တာမလို့ စောသွားတာ"

"အော်"
ချမ်းလို့ထင်ပါရဲ့ မိုးစက်က လက်နှစ်ဖက်ကိုပွတ်ပြီးနွေးအောင်လုပ်သည်။ ယွန်းက နဂိုကတည်းက ကိုယ်ပူတတ်တဲ့သူမလို့ နွေးအောင်လက်ကိုင်ပေးဖို့လှမ်းလိုက်ပြီးမှ  တခြားလူတစ်ယောက်ရဲ့အပိုင်ပါလားဆိုတဲ့ စိတ်‌ကြောင့် လှမ်းမိတဲ့ လက်ကိုပြန်ရုတ်သိမ်းလိုက်သည်။

"ငါသက်ပိုင်ကိုအဖြေပြန်ပေးတော့မယ်သိလား"

"နင်သူ့ကိုတကယ်တွဲတော့မလို့လား"

"နင်တောင်တွဲဖို့တွန်းအားပေးခဲ့သေးတာပဲ"

"နင်မချစ်ပဲနဲ့တော့မတွဲနဲ့လေ"

"ငါသူ့ကိုမချစ်ဘူးလို့ နင်ပြောနိုင်လို့လား"

"နင်ငါ့ကိုချစ်နေသေးတာငါသိတယ်"

"နင်လည်းငါ့ကိုချစ်နေသေးတာငါသိတယ်၊ ဒါပေမယ့် နင်နောက်တစ်ယောက်ကိုလည်း ချစ်သွားတာပဲလေ၊ နှလုံးသားဆိုတာ တစ်ယောက်တည်းကိုပဲအတည်တကျချစ်တတ်တာမှမဟုတ်တာ"

စွန် (The Kite) { Completed }Where stories live. Discover now