Chapter 2

1.7K 115 0
                                    

Unicode
------------

ကောင်းကင်တစ်ခုလုံး မိုးတိမ်မည်းတွေဖုံးလွှမ်းနေတယ်။
လူတချို့အတွက်တော့ မိုးစက် တွေက သာမန် မိုးရာသီရဲ့ မိုး‌ပေါက်တွေပါပဲ။
လူတချို့အတွက်ကြတော့လည်း မိုးက
နာကျည်းမှုတွေကို ပြန်လည်နိုးကြွစေတယ်။ အလွမ်းဓာတ်ခံရှိသူတွေ အတွက်လဲ လွမ်းဆွတ်ခြင်းဆိုတဲ့ တမ်းတမှုကို
ဆောင်ကျဉ်းပေးတယ်။

"ကလင် ကလင် ကလင် ကလင်"

"မင်္ဂလာပါ ဆရာမ၊ ကျေးဇူးတင်ပါတယ် ဆရာမ"

စာသင်ချိန် (4) ချိန်သာပြီးသွားတယ်၊ တစ်ချိန်မှစိတ်မပါလိုက်။ ဆရာမတွေနဲ့သင်ရတာက ဆရာတွေနဲ့သင်ရတာလောက်စိတ်ဝင်စားဖို့မကောင်းတာတော့သေချာသည်။ အခန်းထဲကလူတွေက စကားလာပြောကြပေမဲ့ ကျနော်စိတ်မပါ။ ဗိုက်လဲမဆာတာကြောင့်ကျောင်းကိုလျှောက်ပတ်ကြည့်ဖို့သာ ဆုံးဖြတ်လိုက်သည်။ Hoodie အိတ်ကပ်ထဲ ဖုန်းကောက်ထည့် ear phone တပ်ပြီး t.r တွေမမြင်အောင် ခေါင်းစွပ် စွပ်ထားလိုက်သည်။ မိုးလေးဖွဲဖွဲလေးရွာနေသည်မို့ လေတိုက်လိုက်တိုင်း အေးစိမ့်သွားသည်။ ကျောင်းကနှစ်ခြမ်းခွဲထားဟန်တူသည်။ မြေညီတွင် (8) တန်းအဆောင်နဲ့ (6) တန်းအဆောင်ကို Plus ကွင်းကြားခံပြီး ဟိုဘက် ဒီဘက် ခွဲထားသည်။ အခန်းတည့်တည့်ရှိ Plus ကွင်းကိုဖြတ်ပြီး အခြားအဆောင်တွေကို ပတ်ကြည့်ရင်း Basketball  ကွင်းတွေ့သည်နှင့် ထိုနားမှာပင်ထိုင်ပြီးကောင်းကင် က မိုးစက် တွေကို မော့ကြည့်နေမိသည်။

---------------------------------------------------------

"ယွန်း ငါတို့အခန်းထဲကို ကျောင်းသူသစ်ရောက်လာတယ်သိလား၊ Tom ပဲ" ခြူးတစ်ယောက် Canteen မှာ ကြာဇံချက်စားရင်း လျှာပူနေသည့် ကြားက ပြောလိုက်ခြင်းဖြစ်သည်။

"အော် ဘယ်ကျောင်းကပြောင်းလာတာလဲ"

"အဲ့တာတော့ငါလည်းမသိဘူးဟ သူကဘယ်သူနဲ့မှစကားမပြောဘူး မခင်သေးလို့နေမယ်၊ တော်တော်တော့ချောတယ်ဟ hee" "

"နင် မချောဘူးပြောတဲ့သူများရှိသေးလို့လား နင်ပြောလိုက်တိုင်း ချောနေတာကြီးပဲ" ယွန်းကရီရင်းပြောလိုက်သည်။

"တကယ်ပါဆို သက်ပိုင်ထက်တောင်ချောတယ်"

" ခြူးတစ်ယောက် သက်ပိုင်ထက်တောင်ချောတယ်လို့ပြောပုံ အရဆိုရင်တော့တကယ်ချောမယ့်ပုံပဲ " ယွန်း တွေးလိုက်မိသည်။ သက်ပိုင် ဆိုသည်မှာ ရှင်းသန့်ပိုင် ဖြစ်သည်။ Tom ဆိုတော့ သူငယ်ချင်းတွေက သက်ပိုင်လို့သာခေါ်ကြသည်။ ကောင်‌မလေးတွေဝိုင်းကြိုက်ကြတာကြောင့် ကျောင်းမှာ King လို့ပြောလို့လည်းရသည်။ ယွန်းကိုလည်း အရင်နှစ်တုန်းက တခြားကောင်မလေးတွေလိုပဲအပိုင်တွက်ပြီး propose လုပ်ပေမဲ့ ယွန်း ငြင်းလိုက်တော့ ရှက်သွားပုံရသည်။ ယွန်းကိုစကားမပြောပဲရှောင်နေတော့တာများသည်။ ခြူးကတော့ သက်ပိုင် ကိုကြိုက်နေတာ သေချာသ‌လောက်ရှိပေမဲ့ သက်ပိုင် ကတော့ ကြိုက်သလိုလို မကြိုက်သလိုလို။

စွန် (The Kite) { Completed }Where stories live. Discover now