Unicode
-------------ကျွန်တော်တို့ဘဝမှာ တစ်ခါလောက်တော့ လူတစ်ယောက်ကိုချစ်ဖူးကြလိမ့်မယ်။ ဒါက ပုံမှန်ပဲမဟုတ်လား?
ဒါဆိုရင် တစ်ချိန်တည်းမှာပဲ လူနှစ်ယောက်ကို တစ်ပြိုင်နက်ချစ်မိရင်ကော?
ဒါဟာပုံမှန်လား?ချစ်ဖူးကြတဲ့လူတွေလည်း ရှိသလို အချစ်ဆိုတာ တစ်ယောက်တည်းအတွက်ပဲ ဖြစ်တည်သင့်တယ်လို့ သဘောထားတဲ့လူတွေလည်း ရှိလိမ့်မယ်။
ကျွန်တော်ကတော့ လူနှစ်ယောက်ကို တစ်ချိန်တည်းမှာ သဘောကျခဲ့ဖူးတယ်။လူနှစ်ယောက်ကို တစ်ချိန်တည်းမှာ သဘောကျနေနိုင်ပေမယ့် သဘောကျတဲ့ပုံစုံချင်းတော့ တူနိုင်မှာမဟုတ်ဘူး။
1st person
သူဟာ ကျွန်တော်တို့ရဲ့ အချစ်ဦးလည်းဖြစ်နိုင်သလို အချစ်ဆုံးလည်းဖြစ်နိုင်တယ်။
သူ့ ဘေးနားမှာရှိနေရရင်ကို ကျွန်တော်တို့ လုံခြုံနေသလိုခံစားရမယ်။ ကျွန်တော်တို့အတွက် သူဟာ ကျားတစ်ကောင်လိုဖြစ်ပြီးတော့ ကျွန်တော်တို့ကတော့ သမင်ငယ်အလား သူ့ဆီက နွေးထွေးလုံခြုံမှုတွေကို တောင့်တနေတတ်ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ နက်ရှိုင်းတဲ့ ခံစားချက်တွေရှိပြီး တစ်ယောက်စိတ်ကို တစ်ယောက် ကောင်းကောင်းနားလည်ကြတယ်။ သူ့ကြောင့် ကျွန်တော်တို့ဘဝမှာ ဘာနဲ့မှမတူတဲ့ ပျော်ရွှင်မှုတွေရခဲ့ရသလို၊ အနာကျင်ဆုံး ခံစားချက်တွေကိုလည်း ခံစားခဲ့ရလိမ့်မယ်။ သူကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ကျွန်တော်တို့ချစ်မြဲချစ်ကြတယ်။2nd person
သူဟာ ကျွန်တော်တို့အတွက် စောင့်ရှောက်စရာ အားနည်းပြီး နူးညံ့တဲ့ သက်ရှိတစ်ဦးနဲ့တူတယ်။ သူနဲ့ ရှိနေတဲ့အခါတိုင်း ကိုယ့်ကိုယ်ကို ခြင်္သေ့ တစ်ကောင်အလား ယုံကြည်မှုရှိနေတတ်ကြတယ်။ သူနဲ့ပက်သက်ရင် ကျွန်တော်တို့ အရာရာကို ဦးဆောင်ပေးချင်ကြတယ်။ ပထမလူနဲ့ပက်သက်ရင် ကိုယ့်ကိုယ်ကို သိမ်ငယ်ခဲ့သမျှ သူနဲ့မှယုံကြည်မှုတွေရှိလာတယ်။ သူဟာ ကျွန်တော်တို့လိုချင်တာ ဖြစ်ချင်တာတွေကို အလိုက်တသိနဲ့ ပေးတတ်ကြတယ်။ ကျွန်တော်တို့ဘဝအတွက် အချစ်ဦးတွေ အချစ်ဆုံးတွေမဟုတ်ရင်တောင် ကျွန်တော်တို့အပေါ် အကောင်းဆုံးလူတွေဖြစ်ကြလိမ့်မယ်။
YOU ARE READING
စွန် (The Kite) { Completed }
Teen FictionTom+Les ( Unicode/ Zawgyi ) (Republish) အချစ်ကို ကိုးကွယ်မိတဲ့အခါ အချစ်ကလွဲပြီး ကျန်တာဘာမှမမြင်တော့။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေ ဖြစ်တဲ့ ကိုယ့် ခံစားချက်တွေကိုတောင် လစ်လှူရှုမိတတ်ကြသည်။ ဦးနှောက်နဲ့ အဆက်အသွယ်ပြတ်ပြီး နှလုံးသားကိုအလိုလိုက်မိတဲ့ခါ က...