Unicode
------------နှုတ်ခမ်း နှစ်စုံထပ်သွားသည့်ခံစားချက်သည်
သိပ်ကို နူးညံ့သိမ်မွေ့သည့်ခံစားချက်ဖြစ်သည်။ ကိုယ်မြတ်မြတ်နိုးနိုးချစ်ရသည့် လူတစ်ယောက်ရဲ့ နှုတ်ခမ်းဟာ ကိုယ့်အတွက်ဘယ်လောက်တောင်ချိုမြိန်သလဲဆိုတာ ခံစားဖူးသူတို့သာသိလိမ့်မည်။မိုးစက်က နှုတ်ခမ်းကိုပြန်ခွာလိုက်ပြီး ခေါင်းချင်းတေ့ထားရင်း
"ဒီနေ့ဘာနေ့လဲသိလား""ဘာနေ့လဲ"
"ငါ့မွေးနေ့"
"ဒါဆို လက်ဆောင်ပေးရမှာပေါ့"ယွန်းက ပြုံးပြီးပြောသည်။
"ဘာပေးမလို့လဲ"
"ငါ့ဘဝ" ယွန်း မျက်နှာနီရဲပြီး အောက်ငုံ့သွားသည်။
ဒီလိုနဲ့ July 23 ဟာ ကျနော့်မွေးနေ့တင်မက ကျနော်နဲ့ယွန်းရဲ့ Anniversary day ပါဖြစ်လာသည်။
---------------------------------------------------------
"ဟေးး ဒီနှစ်ယောက်မရိုးသားဘူးနော်" plus ကွင်း မှာထိုင်နေတဲ့ကျနော်တို့နှစ်ယောက်ကို သူငယ်ချင်းတွေဝိုင်း စ လိုက်ခြင်းဖြစ်သည်။
ယွန်း ကရှက်ပြီး ခေါင်းငုံ့ပြီးရယ်နေသည်။
"အယ် ဒီနှစ်ယောက် တကယ်တွဲနေကြတာလား""အင်း ငါနဲ့ယွန်း မနေ့ကပဲတွဲလိုက်တာ"
"ဟာ မိုးစက်တို့က မြန်ချက်ပဲကွာ"
ကျနော်နဲ့မနီးတနီးမှာထိုင်နေတဲ့ သက်ပိုင် ကိုကျနော်သတိထားမိလိုက်သည်။ ကျနော့်စကားကိုကြားတော့ သက်ပိုင်ဒေါသတကြီးကျနော်တို့ဆီရောက်လာသည်။
"ယွန်း နင်ဘာအချိုးချိုးတာလဲ" သက်ပိုင် ယွန်းကိုစိုက်ကြည့်ပြီးမေးလိုက်သည်။
မိုးစက် သက်ပိုင်ရင်ဘက်ကို လက်နှစ်ဖက်နဲ့တွန်းလိုက်ပြီး "မင်းကဘာဖြစ်ချင်တာလဲ"
"ဖယ်စမ်း မိုးစက်၊ ငါ ယွန်းနဲ့ပြောစရာရှိတယ်" သက်ပိုင်က မိုးစက်ကိုပြန်တွန်းသည်။
"ဘာလို့ပြဿနာလာရှာနေတာလဲ သက်ပိုင်"
"ငါ မင်းကို propose လုပ်ခဲ့တုန်းကကြ မင်းကလွယ်လွယ်ငြင်းခဲ့တယ်၊ ဒီကောင်နဲ့မင်း သိတာတောင် ဘယ်လောက်ကြာသေးလို့ဒီလောက်မြန်မြန်လက်ခံလိုက်ရတာလဲ၊ ဒီကောင်အရင် ကျောင်းမှာရည်းစားရှုပ်ခဲ့တာတွေ မင်းဘာသိလို့လဲ ၊ ဒီကောင်က ငါ့ထက်ဘာများသာနေလို့လဲ ဟမ်"
YOU ARE READING
စွန် (The Kite) { Completed }
Teen FictionTom+Les ( Unicode/ Zawgyi ) (Republish) အချစ်ကို ကိုးကွယ်မိတဲ့အခါ အချစ်ကလွဲပြီး ကျန်တာဘာမှမမြင်တော့။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေ ဖြစ်တဲ့ ကိုယ့် ခံစားချက်တွေကိုတောင် လစ်လှူရှုမိတတ်ကြသည်။ ဦးနှောက်နဲ့ အဆက်အသွယ်ပြတ်ပြီး နှလုံးသားကိုအလိုလိုက်မိတဲ့ခါ က...