Unicode
------------"မောင် အဲ့ဒီကောင်မလေးနဲ့ပက်သက်နေတုန်းလား"
"မောင်ဝန်ခံပါတယ် သူ့ကိုမပက်သက်ပဲမနေနိုင်ဘူးဖြစ်နေတယ်"
"အဲ့ကောင်မလေးကတော့ ဘယ်လိုစိတ်မျိုးနဲ့ မောင့်ကိုကပ်တွယ်နေမှန်းမသိပေမယ့် မောင်သူနဲ့ဆက်ပြီး ပက်သက်နေမယ်ဆိုရင်တော့ မ ကိုဖြတ်ပေးပါ"
"မောင့်ကိုအချိန်လေးနည်းနည်းပေးပါ"
"သူ့ကိုအဲ့လောက်ဖြစ်နေရင်လည်း ငါ့ကိုဖြတ်လိုက်"
ယွန်းစိတ်တိုပြီး phone ချသွားပြီ။
မိုးစက်လည်း စိတ်ရှုပ်ပြိး phone ကိုပစ်ပေါက်လိုက်မိသည်။အဲ့နေ့ပြီးကတည်းက ယွန်း နဲ့ လွန်း နှစ်ယောက်လုံးကိုရှောင်နေပြီး တစ်ယောက်တည်းနေဖြစ်သည်။ ကျွန်တော်တကယ် လိုအပ်တာဘယ်သူလဲဆိုတာကို ကိုယ့်ကိုယ်ကိုသိချင်သည်။ ပြီးတော့ ဘယ်သူက ကျွန်တော့် ကိုစိတ်ပူနေမလဲဆိုတာလည်း သိချင်သေးသည်။
ဒီအချိန်က ကျွန်တော့်ဘဝမှာ စိတ်အပင်ပန်းဆုံးအချိန်ဖြစ်သည်။ သူတို့က ကျွန်တော့်တစ်ယောက်တည်းကိုပဲချစ်ပြီး ကျွန်တော့်အတွက်ပဲ ခံစားကြရတာ။
ကျွန်တော်က နှစ်ယောက်လုံးကိုတကယ်ချစ်တာကြောင့် နှစ်ယောက်စာပိုခံစားရသည်။ ဒါကိုဘယ်သူမှနားမလည်ကြ။ကျွန်တော်နှစ်ယောက်လုံးကိုရှောင်နေတဲ့အတောအတွင်းမှာ phone တွေတောက်လျှောက်ဆက်နေသူမှာ လွန်းပင်ဖြစ်သည်။
"ပြော လွန်း"
"အစ်ကိုရယ် ဘာလို့အခုမှ phone ကိုင်ရတာလဲ ဘာတွေလုပ်နေတာလဲ"
"ဒီတိုင်းစိတ်လေနေလို့ပါ ဘာမှစိတ်မပူပါနဲ့"
"အစ်ကိုပင်ပန်းရမယ်ဆို အစ်မယွန်းကိုပဲဆက်ချစ်နေလိုက်ပါ လွန်းအတွက်ကြည့်မနေ ပါနဲ့နော်"
"အစ်မနဲ့အစ်ကိုက တစ်နှစ်လောက်တွဲလာတာလေ သူ့ကိုမပြတ်သားနိုင်တာလည်း လွန်း နားလည်ပါတယ်၊ လွန်း နဲ့က သိတာလည်းကြာမှမကြာသေးတာ၊ အစ်ကို ကြာရင် လွန်းကိုမေ့သွားမှာပါ""လွန်းက အစ်ကို့ ကိုမချစ်ဘူးလား"
"ချစ်လို့ အစ်ကိုပင်ပန်းမှာစိုးရိမ်နေတာပေါ့"
YOU ARE READING
စွန် (The Kite) { Completed }
Teen FictionTom+Les ( Unicode/ Zawgyi ) (Republish) အချစ်ကို ကိုးကွယ်မိတဲ့အခါ အချစ်ကလွဲပြီး ကျန်တာဘာမှမမြင်တော့။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေ ဖြစ်တဲ့ ကိုယ့် ခံစားချက်တွေကိုတောင် လစ်လှူရှုမိတတ်ကြသည်။ ဦးနှောက်နဲ့ အဆက်အသွယ်ပြတ်ပြီး နှလုံးသားကိုအလိုလိုက်မိတဲ့ခါ က...