Unicode
-------------"ယွန်းကို ကောင်လေးတစ်ယောက်ကလာ
ခေါ်တယ်""သူငယ်ချင်းတွေရှေ့မှာမခေါ်ဖို့ပြောထားတယ်နဲ့တူတယ်"
"မင်းခန့်က ယွန်း ကို မိုးစက်နဲ့ဟိုတစ်ခေါက်မပြတ်ခင်ထဲကကြိုက်နေတာတဲ့"
"9တန်းပြီးခံနီးတုန်းကလည်း မင်းခန့် က ယွန်း နဲ့အတူတူလာထိုင်သေးတယ်"
(B) ခန်း messenger group ထဲမှာ ယွန်း အကြောင်းတွေကို မိုးစက်မမြင်မြင်အောင်ပြောထားသည့် စာတချို့။
"ခြူး ငါ့ကိုပြောပုံအရဆိုရင်တော့ ယွန်းက အဲ့တစ်ယောက်ကို ခါးခါးသီးသီးပဲဆက်ဆံနေတာပါ" လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း စာတွေထိုင်ဖတ်နေသည့် မိုးစက်ကို မြတ်နိုးက ဝင်ဖြေသိမ့်ပေးသည်။
"ငါလည်း ယွန်း ကိုယုံပါတယ်၊ ယွန်း ကိုငါ့ကိုယ်ငါထက်ယုံတယ်၊ ငါမယုံတာအဲ့ကောင်၊ ဟာကွာ"
ချက်ချင်းပဲထပြီး tuition ရှေ့ကိုပြေးထွက်လိုက်သည်။"မိုးစက် ဘယ်သွားမလို့လဲ"
လှမ်းခေါ်ရင်းမြတ်နိုးကိုယ်တိုင်ပါ ကျောပိုးအိတ်ယူပြီး မိုးစက်နောက် ပြေးလိုက်နေရသည်။
မိုးစက်က Taxi တားပြီး ကားပေါ်တက်သွားပြီ။ ဘယ်သွားမယ်ဆိုတာသိနေတာကြောင့် မြတ်နိုးလည်း အမြန် taxi ငှားလိုက်သည်။
-----------------------------------------------------------------
"မင်းခန့်ဆိုတာဘယ်သူလဲ"
Tuition လှေကားမှာ အပေါ်မတက်သေးဘဲ စကားများနေသည့် ယောက်ျားလေးအဖွဲ့ကို မိုးစက် မေးလိုက်သည်။
"ငါ့နာမည် မင်းခန့်"
အသားညိုညိုအရပ်ရှည်ရှည်နဲ့ ထိုသူဆီပြေးသွားပြီး
"ငါ့ကောင်မလေးကို ကြာကူလီတဲ့ကောင်" အားနဲ့ အင်္ကျီိစကိုဆောင့်ဆွဲပြီး လက်သီးနဲ့ ခပ်ပြင်းပြင်းထိုးချလိုက်သည်။"အော်၊ မင်းက ယွန်းရဲ့ဟာလေးလား" မင်းခန့်က နှုတ်ခမ်းစက သွေးတွေကိုပွတ်ရင်း ပြောလိုက်သည်။
ထိုအချိန်မှာ ယွန်း နဲ့ ခြူးတို့ကလည်း အောက်ကနေ လှေကားပေါ်ကိုတက်လာနေပြီ။ သူတို့အနောက်ကနေ မြတ်နိုးကလည်း ကမန်းကတန်းပြေးတက်လာသည်။
YOU ARE READING
စွန် (The Kite) { Completed }
Teen FictionTom+Les ( Unicode/ Zawgyi ) (Republish) အချစ်ကို ကိုးကွယ်မိတဲ့အခါ အချစ်ကလွဲပြီး ကျန်တာဘာမှမမြင်တော့။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေ ဖြစ်တဲ့ ကိုယ့် ခံစားချက်တွေကိုတောင် လစ်လှူရှုမိတတ်ကြသည်။ ဦးနှောက်နဲ့ အဆက်အသွယ်ပြတ်ပြီး နှလုံးသားကိုအလိုလိုက်မိတဲ့ခါ က...