Unicode
-------------ကျွန်တော် ယွန်းကိုဘယ်အချိန်က စ ချစ်မိသွားလည်း ကျွန်တော်ကိုယ်တိုင်သေချာမသိ။
(6) တန်း (7)တန်း နှစ်နှစ်လုံး အခန်းတူလို့ အနေနီးပြီး ချစ်မိသွားသလားပင်။
(7) တန်းမှာ သက်ပိုင် စာသင်ချိန်ဆိုလည်း ယွန်း ကိုပဲခိုးကြည့်နေမိသည်။ စာလည်းသေချာလိုက်မလုပ်ဖြစ်တာကြောင့် လစဉ် စာမေးပွဲတိုင်း အမှတ်တွေ နည်းလာသည်။
ဒီပုံစံအတိုင်းဆို (8) တန်းမှာ သက်ပိုင် (A) ခန်းမရနိုင်တာသေချာနေပြီ။ ယွန်း နဲ့အခန်းတူပြီး ငေးကြည့်ခွင့်ရတော့မှာမဟုတ်တာကြောင့် (7) တန်းမပြီးခင် ဖွင့်ပြောဖို့ဆုံးဖြတ်လိုက်သည်။ထိုနေ့မှ ယွန်း ဘေးကတစ်ယောက် ကျောင်းမလာတာကြောင့် ယွန်း တစ်ယောက်တည်းထိုင်နေသည်။ ကျွန်တော်လည်း စိတ်ပိုင်းဖြတ်ပြီးသားမလို့ ဖွင့်ပြောရန် ယွန်း ဘေးဝင်ထိုင်လိုက်သည်။
"ယွန်းချယ်ရီကို"
"အင်း ပြောလေ"
"ငါနင့်ကိုသဘောကျတယ်" သက်ပိုင် ယွန်းနဲ့အကြည့်ချင်းဆုံပြီး လေးလေးနက်နက်ပြောလိုက်သည်။ ရန်ခုန်လွန်းလို့ ခြေဖျား လက်ဖျားတွေပါ အေးစက်နေသည်။
"တောင်းပန်ပါတယ်၊ ငါနင့်ကိုသူငယ်ချင်းတစ်ယောက်အနေနဲ့ပဲခင်တယ်"
"နင်အခုချက်ချင်း အဖြေပေးစရာမလိုပါဘူး၊ ငါစောင့်ဆို စောင့်ပါ့မယ်ဟာ" စိုးရိမ်တကြီး မျှော်လင့်ချက်နဲ့ပြောလိုက်သည်။
"မဟုတ်ဘူးသက်ပိုင်၊ ငါနင့်ကိုချစ်လို့မရတာ၊ ဘယ်တော့မှလည်း ချစ်လို့ရလာမှမဟုတ်ဘူး၊ နင်ငါနဲ့သူငယ်ချင်းဖြစ်ချင်သေးရင် ဒီလိုစကားမျိုးထပ်မပြောပါနဲ့"
"ဟုတ်ပါပြီ ငါထပ်မပြောတော့ပါဘူး" ယွန်း ပြတ်ပြတ်သားသားပြောလိုက်တာကြောင့် မျှော်လင့်ချက်မဲ့သွားသည်။ ဘာပဲဖြစ်ဖြစ် ခင်မင်ခွင့်လေးမပျက်သွားဖို့အရေးကြီးတယ်လေ။
ကျွန်တော် ယွန်း ကြောင့် အတော်ခံစားခဲ့ရသည်။ မြန်မြန်မေ့ပစ်ချင်တာကြောင့် ရည်းစားတွေထည်လဲ၊ နှစ်ယောက်လောက်ပြိုင်ပြီး တွဲပစ်လိုက်သည်။ ထိုထဲမှာ မေမြတ်နိုးဆိုသော ကောင်မလေးလည်းပါခဲ့သည်။ မေမြတ်နိုးက ယွန်းနဲ့ခင်မှန်း နောက်မှသိခဲ့တာကြောင့် ယွန်း အထင်သေးမှာစိုးရိမ်ပြီး မြန်မြန်ပြန်ဖြတ်လိုက်ရသည်။
ကျွန်တော် ဘယ်လောက်ပဲ ဘယ်သူနဲ့ တွဲတွဲ
ကျွန်တော့်ရင်ထဲက ယွန်းနေရာကို အစားထိုးနိုင်မယ့်သူကို ရှာမတွေ့နိုင်ခဲ့။
ယွန်း ကိုမြင်တိုင်း ကျွန်တော့်ရင်ထဲ တဆစ်ဆစ်ကိုက်ခဲနေတတ်သည်။
YOU ARE READING
စွန် (The Kite) { Completed }
Teen FictionTom+Les ( Unicode/ Zawgyi ) (Republish) အချစ်ကို ကိုးကွယ်မိတဲ့အခါ အချစ်ကလွဲပြီး ကျန်တာဘာမှမမြင်တော့။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေ ဖြစ်တဲ့ ကိုယ့် ခံစားချက်တွေကိုတောင် လစ်လှူရှုမိတတ်ကြသည်။ ဦးနှောက်နဲ့ အဆက်အသွယ်ပြတ်ပြီး နှလုံးသားကိုအလိုလိုက်မိတဲ့ခါ က...