Unicode
------------အိပ်ရေးမဝတာကြောင့် ခေါင်းကတဆစ်ဆစ်ကိုက်နေသည်။ Corridor တစ်လျှောက်လမ်းလျှောက်ရင်း နောက်နှစ်ဆို ဒီကျောင်းမှာမနေရတော့ပါလားလို့တွေးမိပြီး သက်ပိုင် ကျောင်းကို ကြိုလွမ်းသွားမိသည်။
ခြူးအသံကြားတာကြောင့် လှည့်ကြည့်လိုက်တော့ အနောက်မှာ ခြူးနဲ့ယွန်းတို့လည်း စကားပြောရင်း corridor ထဲဝင်လာသည်။"နင်ငါ့ကိုရှောင်နေတာလား ယွန်း" သက်ပိုင်က ခြူးနဲ့ယွန်း စကားပြောနေတာကို ဖြတ်ပြောလိုက်သည်။
"မရှောင်ပါဘူး"
"ဒါဆို နေမကောင်းလို့လား"
"မဟုတ်ပါဘူး..ဘာဖြစ်လို့လဲ"
သက်ပိုင်က ခေါင်းကုတ်ပြီး
"မသိဘူးလေ..မနေ့ညက ဘာလို့ငါ့ကို ဖုန်းပြန်မခေါ်တာလဲ၊ အိပ်ပျော်သွားတာလား၊ ငါကအကြာကြီးစောင့်နေတာကို""aww ဟုတ်သားပဲ၊ ငါ့သူငယ်ချင်းနဲ့ ဖုန်းပြောရင်းအိပ်ပျော်သွားလို့"
"နင့်သူငယ်ချင်းဆိုတာ?"
"ဒီတိုင်းသူငယ်ချင်းတစ်ယောက်ပါ"
ခြူးကကြားထဲက စိတ်မရှည်တော့။
"ယွန်း ငါအတန်းထဲသွားနှင့်တော့မယ်" ခြူး သက်ပိုင်နဲ့ ယွန်း ကြားကထွက်သွားသည်။သက်ပိုင်ကဆက်ပြီး"နင်မိုးစက်နဲ့ပြန်အဆင်ပြေနေတာလား"
"သူနဲ့ဘာဆိုင်လို့လဲ"
"နင်ငါ့ကိုသဘောကျတယ်ဆိုတာငါသိတယ်၊ ငါတို့နှစ်ယောက်အဆင်ပြေခဲ့တာပဲလေ၊ သူ့ကြောင့်နဲ့ ငါ့ကိုရှောင်မနေပါနဲ့"
"သူ့ကြောင့်မဟုတ်ဘူးလို့ ငါပြောပြီးပြီလေ"
"ဒါဆိုဘာလို့လဲ"
"အကြောင်းပြချက်ရှိရဦးမှာလားရှင်းသန့်ပိုင်ရယ်"
"ဒါပေမယ့်လည်း ငါတို့နှစ်ယောက်.."
"ငါအရင်နေ့တွေကအရမ်းပင်ပန်းနေတဲ့အချိန် နင်ရှိပေးခဲ့တယ်၊ ငါကိုယ်တိုင်လည်း နင်နဲ့နေရတာပျော်ခဲ့ပါတယ်၊ အဲ့တာတွေက နင့်ကိုမျှော်လင့်ချက်ပေးသလိုဖြစ်သွားတယ်ဆိုရင်တော့ ငါတောင်းပန်ပါတယ်"
YOU ARE READING
စွန် (The Kite) { Completed }
Teen FictionTom+Les ( Unicode/ Zawgyi ) (Republish) အချစ်ကို ကိုးကွယ်မိတဲ့အခါ အချစ်ကလွဲပြီး ကျန်တာဘာမှမမြင်တော့။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေ ဖြစ်တဲ့ ကိုယ့် ခံစားချက်တွေကိုတောင် လစ်လှူရှုမိတတ်ကြသည်။ ဦးနှောက်နဲ့ အဆက်အသွယ်ပြတ်ပြီး နှလုံးသားကိုအလိုလိုက်မိတဲ့ခါ က...