Unicode
------------"ပုဂံ?"
"အင်းကောင်းသားပဲ"
"မြတ်နိုး ဖေဖေက ကားစီစဉ်ပေးမယ်ပြီးတော့ သူပါ အုပ်ထိန်းသူအနေနဲ့လိုက်ပေးမယ်တဲ့"
"လူကြီးလည်းပါတော့အဆင်ပြေတာပေါ့ အိမ်ကိုပြောကြည့်လိုက်မယ်လေ"
"ခြူးလည်းပါတာပဲကို အိမ်ကခွင့်ပြုမှာပါ၊ မိုးစက်ကော"
Messenger ကနေ မြတ်နိုး၊ ခြူး၊ ယွန်း နဲ့ မိုးစက် တို့ video call နဲ့ tuition တွေမဖွင့်ခင် ခရီးသွားရန် တိုင်ပင်နေတာကြောင့် ဆူညံပွက်လောရိုက်နေသည်။
"တခြားဘယ်သူပါသေးလဲ"
မိုးစက် အမေးကြောင့် သုံးယောက်လုံးတိတ်ဆိတ်သွားသည်။"သက်ပိုင်ပါမှာစိုးလို့လား၊ မပါပါဘူး၊ သူက နင်ကော မြတ်နိုးကောနဲ့မှအဆင်မပြေတာ" ခြူးက ထပြောလိုက်သည်။
မြတ်နိုးအတွက် တကယ်ဆို သက်ပိုင်နဲ့ကိစ္စကိုမေ့မေ့ပျောက်ပျောက်တောင်ဖြစ်နေပြီ။ မြတ်နိုး ရင်ထဲမှာ မိုးစက် တစ်ယောက်ပဲ နေရာယူထားသည်။
"သူမပါရင်တော့အဆင်ပြေပါတယ်" မိုးစက်က ဝင်ပြောသည်။
"မောင်ကော ပုဂံရောက်ဖူးလား"
"ပုဂံတော့ ရောက်ဖူးတာပေါ့၊ ဒါမယ့် မ နဲ့အတူတူ သွားရရင်ပိုကောင်းတာပေါ့"
ယွန်းက မျက်စောင်းလေးထိုးပြီး
"ဘာဆိုင်လို့လဲ""နောက်ဘဝမှာ အတူတူပြန်ဆုံဖို့ဆို ဒီဘဝမှာ ဒါန၊ သီလ၊ ဘာဝနာ အတူတူလုပ်ရတယ်တဲ့၊ အဲ့တာကြောင့် မ နဲ့အတူတူ ကုသိုလ်တွေလုပ်
တော့ နောက်ဘဝပြန်တွေ့ရတာပေါ့လို့""ဒါဆို ငါတို့လေးယောက်လုံး နောက်ဘဝကြပြန်တွေ့ကြမှာပေါ့" ခြူးက ဝင်နှောက်လိုက်သည်။
မိုးစက်ကပြုံးပြီး
"နင်တို့ နှစ်ယောက်မပါဘူး"ခြူး ဒေါသထွက်သွားသည့်ပုံကိုကြည့်ပြီး သုံးယောင်လုံးဝိုင်းရယ်နေကြသည်။
"လာပါ ခြူးရဲ့၊ သူတို့နှစ်ယောက်ကို group ထဲထားခဲ့လိုက်တော့၊ ငါတို့နှစ်ယောက်ထွက်ကြမယ်" မြတ်နိုးကရယ်ပြီး ဖုန်းချသွားတော့ ခြူးလည်း ဖုန်းချလိုက်သည်။
YOU ARE READING
စွန် (The Kite) { Completed }
Teen FictionTom+Les ( Unicode/ Zawgyi ) (Republish) အချစ်ကို ကိုးကွယ်မိတဲ့အခါ အချစ်ကလွဲပြီး ကျန်တာဘာမှမမြင်တော့။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေ ဖြစ်တဲ့ ကိုယ့် ခံစားချက်တွေကိုတောင် လစ်လှူရှုမိတတ်ကြသည်။ ဦးနှောက်နဲ့ အဆက်အသွယ်ပြတ်ပြီး နှလုံးသားကိုအလိုလိုက်မိတဲ့ခါ က...