Unicode
-------------မိုးစက်သစ် ငယ်ငယ်ကတည်းက ယောက်ျားလေးလိုနေရတာသဘောကျသည်။ မိဘတွေကလည်း ကြည်ဖြူပြီး ယောက်ျားလေးလိုပဲ ဝတ်ဆင်စေခဲ့သည်။ မိုးစက် မိဘတွေက ချမ်းလည်းချမ်းသာပြီး မိုးစက် ကို နွေးထွေးမှု၊ ဂရုစိုက်မှု အပြည့်ပေးခဲ့တာကြောင့် မိုးစက် ငယ်ဘဝမှာ အလွန်ပြည့်စုံခဲ့သည်။ မိုးစက် အပျော်ဆုံးနေ့ကတော့ မိုးစက် မေမေမှာကိုယ်ဝန်ထပ်လွယ်ထားရတာကို သိလိုက်ရသည့်နေ့ဖြစ်သည်။ ညီမလေးရတော့မှာမလို့ မိုးစက် တကယ်ကို ဝမ်းသာနေမိသည်။
ဒါပေမယ့်လည်း ကွေးသောလက်မဆန့်မှီ၊ ဆန့်သောလက်မကွေးမှီ တဲ့။
မိုးစက် မိဘတွေ ညဘက် company dinner က ပြန်အလာ အရက်မူးပြီးမောင်းလာတဲ့ ကုန်တင်ကား driver ကြောင့် ဇာတ်သိမ်းမလှဖြစ်ခဲ့သည်။ နောက် လေးလလောက်ဆို လူ့ဘဝထဲရောက်တော့မယ့် မိုးစက် ညီမလေးကလည်း မိဘတွေနဲ့အတူ ပြန်ထွက်သွားပြီထင်ပါရဲ့။
မိုးတွေလည်း ထစ်ခြုန်းရွာနေသည်။
ထိုနေ့ကစပြီး မိဘတွေအပြင် စိတ်ကူးထဲက ညီမလေးကိုလည်း ဘယ်တော့မှမတွေ့ရတော့ဘူးလို့ မသိသေးတဲ့ မိုးစက်ကတော့ အိမ်မှာ မိဘတွေပြန်အလာကို တစ်ညလုံး၊ တစ်ယောက်တည်း စောင့်နေမိခဲ့သည်။ဥစ္စာချမ်းသာခြင်းနဲ့ စိတ်ချမ်းသာခြင်းဆိုရင် ကျွန်တော် စိတ်ချမ်းသာခြင်းကိုပဲရွေးမှာပေါ့။
ကံတရားက ကျွန်တော့်ကို ရွေးခွင့်တောင်မပေးခဲ့။---------------------------------------------------------
မိုးစက် ဦးလေးနဲ့အတူ နိုင်ငံခြားထွက်သွားသည်။ မြန်မာနိုင်ငံပြန်လာဖို့ အကြောင်းဖန်လာတော့ ဦးလေးကလည်း မြန်မာနိုင်ငံမှာပဲ ပညာဆက်သင်စေချင်သည်။ မိုးစက် အတွက် ဦးလေးကိုယ်တိုင်လည်း အချိန်ပေးပြီး ဂရုမစိုက်ပေးနိုင်ခဲ့တာကြောင့် မိုးစက် မိဘတွေဆုံးပြီးကတည်းက ပြန်ရလိုက်တာ စိတ်ကျရောဂါ ဖြစ်သည်။ ဒါ့ကြောင့် မိုးစက် ကို လူမှုအသိုင်းအဝိုင်းထဲ သေချာပြန်ဝင်ပြီး သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေစေချင်သည့် ရည်ရွယ်ချက်ကြောင့် မြန်မာနိုင်ငံပြန်လာဖြစ်ခဲ့သည်။
YOU ARE READING
စွန် (The Kite) { Completed }
Teen FictionTom+Les ( Unicode/ Zawgyi ) (Republish) အချစ်ကို ကိုးကွယ်မိတဲ့အခါ အချစ်ကလွဲပြီး ကျန်တာဘာမှမမြင်တော့။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေ ဖြစ်တဲ့ ကိုယ့် ခံစားချက်တွေကိုတောင် လစ်လှူရှုမိတတ်ကြသည်။ ဦးနှောက်နဲ့ အဆက်အသွယ်ပြတ်ပြီး နှလုံးသားကိုအလိုလိုက်မိတဲ့ခါ က...