Unicode
-------------"Good morning ပါ မ"
နေ့သစ် တစ်ခုရဲ့အစမှာ မျက်လုံးဖွင့်လိုက်တာနဲ့ ကိုယ့်ချစ်သူရဲ့ မျက်နှာလေးကိုမြင်တွေ့ရတဲ့ အခိုက်အတန့်က ကြည်နူးဖို့ကောင်းလွန်းသည်။ တစ်နေ့လုံးအတွက် အားအင်ရှိသွားသလိုခံစားရသည်။"မောင် ဘယ်ချိန်ထဲကနိုးနေတာလဲ" လက်ထောက်ပြီး ယွန်းကိုစိုက်ကြည့်နေသည့် မိုးစက် ရဲ့မျက်နှာက ကြည်လင်တောက်ပနေသည်။
"ခုနလေးတင်ကပါ၊ မ အိပ်နေတာလေးကချစ်ဖို့ကောင်းလို့ ကြည့်နေတာ" မိန်းကလေးတစ်ယောက်ရဲ့ချစ်ဖို့အကောင်းဆုံးအချိန်က အိပ်ရာထတဲ့အချိန် ဆိုတာကို ဒီမနက်ပဲ မိုးစက်ယုံသွားပြီလေ။
"မောင်ကတော့လုပ်ပြီ" ရှက်ပြုံးလေးပြုံးပြီး အရှေ့ကျနေတဲ့ ဆံပင်တွေကို နားအနောက်သပ်လိုက်သည်။
"ရေမိုးချိုး မျက်နှာသစ်ရအောင်လေ ပြီးရင် မနက်စာအတွက် တစ်ခုခုမောင်လုပ်ပေးမယ်"
ဒယ်အိုးထဲက ပန်ကိတ်ကို ဟိုဘက်လှည့် ဒီဘက်လှည့်လုပ်နေသည့် မိုးစက်ကို ယွန်း အနောက်ကနေသိုင်းဖက်ထားပြီး မိုးစက်ပုခုံးပေါ်ကို ခေါင်းလေးတင်ထားလိုက်သည်။
"မောင် ပြီးရင်ဘာလုပ်ကြမလဲ"
"မ ဘာလုပ်ချင်လဲ ပြောကြည့်လေ"
ယွန်းက ပိုတင်းတင်းကြပ်ကြပ်ဖက်လိုက်ပြီး
"ဒီတိုင်းလေး တစ်နေကုန်ဖက်ထားချင်တယ်""ရုပ်ရှင်ကြည့်မလား"
"မောင်လုပ်စရာရှိတာတွေလုပ်ပြီး ညနေထမင်းစားသောက်ပြီးရင် ကြည့်မယ်လေ"
"ဟုတ်ပါပြီဗျာ လောလောဆယ်တော့ ဒါလေး အရင်စား"
မိုးစက် က ပန်းကန်ထဲကို ပန်ကိတ် ထည့်ပေးပြီး ယွန်း ကိုပေးလိုက်သည်။
"ပူတယ်နော် မှုတ်ပြီးစား""ဟုတ်ကဲ့"
မိုးစက် ငယ်ငယ်ထဲကတစ်ယောက်ထဲနေပြီး ကိုယ့်ဘာသာချက်စားတာကြောင့် မုန့်လုပ်တာကော ဟင်းချက်တာကော အလွန်တော်သည်။ ဒါ့အပြင် မိုးစက်က ပန်းပင်လေးတွေစိုက်ရတာလည်း ဝါသနာပါပုံပေါ်သည်။ မိခင်က ကိုယ့်သားသမီးကို ဂရုစိုက်သလိုကိုပင် ပန်းပင်လေး တွေကိုမြတ်မြတ်နိုးနိုးရေလောင်းနေသေးသည်။
YOU ARE READING
စွန် (The Kite) { Completed }
Teen FictionTom+Les ( Unicode/ Zawgyi ) (Republish) အချစ်ကို ကိုးကွယ်မိတဲ့အခါ အချစ်ကလွဲပြီး ကျန်တာဘာမှမမြင်တော့။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေ ဖြစ်တဲ့ ကိုယ့် ခံစားချက်တွေကိုတောင် လစ်လှူရှုမိတတ်ကြသည်။ ဦးနှောက်နဲ့ အဆက်အသွယ်ပြတ်ပြီး နှလုံးသားကိုအလိုလိုက်မိတဲ့ခါ က...