Chapter 16 {Chue Myat Chal}

769 53 0
                                    

Unicode
------------

ခြူး သက်ပိုင်ကို ခုနစ်တန်းကတည်းက တိတ်တခိုးချစ်ခဲ့ရသည်။
သက်ပိုင်က (A)ခန်း၊ ခြူးက (B)ခန်း။
(A) နဲ့ (B) ကြားမှာ ဆရာမ နားနေခန်း ခံနေတော့ သတိရတိုင်း အခန်းရှေ့သွား ခိုးကြည့်ခွင့်မရခဲ့။ အဲ့တာကြောင့် မနက်ကျောင်း မတက်ခင်လေးနဲ့ မုန့်စား‌ဆင်းချိန်လေးတွေဆို သက်ပိုင်အနောက်ကနေ တကောက်ကောက်လိုက်ပြီး ခိုးကြည့်ရတာအမော။ ခြူး သက်ပိုင် ကိုချစ်နေတာ ယွန်း ပင်သတိထားမိသည်။ သက်ပိုင် နဲ့ ယွန်း က အခန်းတူတော့ သက်ပိုင်ကို ပြောချင်တဲ့စကားဖြစ်ဖြစ်၊ ပေးချင်တဲ့လက်ဆောင်ဖြစ်ဖြစ် ယွန်း ကိုတစ်ဆင့်ခံပြီး ပေးရသည်။ သက်ပိုင် ကို ခြူး မျက်နှာချင်းမဆိုင်ရဲ။

7 တန်း မပြီးခင်လေးမှာပဲ သက်ပိုင် ယွန်း ကိုကြိုက်နေပါတယ်လို့ ဖွင့်ပြောလိုက်သည်။
ထိုနေ့က ခြူး ရင်ထဲအနာဆုံးဖြစ်သည်။ တစ်နှစ်လုံး ချစ်နေရတဲ့ ခြူးကိုမမြင်ပဲ ယွန်း ကိုချစ်မိသွားသည့် သက်ပိုင် ကိုလည်း အပြစ်မတင်ရက်။ ယွန်း ကတော့ ပြတ်ပြတ်သားသား ငြင်းလွှတ်လိုက်တာကြောင့် အနည်းဆုံးတော့ သက်ပိုင် ချစ်သူရှိမှာ မစိုးရိမ်ရတော့။

ခြူး အထင် မှားခဲ့သည်။

အရင်နေ့တွေကလိုပဲ သက်ပိုင်နောက်ကနေ ခိုးကြည့်ရင်း သိလိုက်ရတာက သက်ပိုင်မှာ ကောင်မလေးရှိနေပြီဖြစ်သည်။
နေ့ရက်တွေပြောင်းသွားသလို သက်ပိုင်လည်း ကောင်မလေး တစ်ယောက်ပြီး တစ်ယောက်ပြောင်းနေသည်။ ခြူး အတွက် သက်ပိုင်ကို တခြားသူတွေနဲ့ တွဲမြင်ရတာ သဝန်တိုစရာကောင်းသည်။
ဒါပေမယ့်...သဝန်တိုပိုင်ခွင့်မရှိ။

---------------------------------------------------------

ခြူး သက်ပိုင် နဲ့အနေနီးအောင် အမျိုးမျိုး ကြိုးစားခဲ့သည်။ အခုလည်း ကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲပြီးသွားတာကြောင့် သက်ပိုင် တို့နဲ့ မုန့်သွားစားဖို့လုပ်ရင်း အိမ်မှာ Phone ကျန်ခဲ့လို့ ပြန်သွားယူနေရသည်။
Phone ယူပြီး ယွန်း အိမ်ဘက်ပြန်လာတော့

"ယွန်း ဘာလို့ငိုနေတာလဲ" ယွန်းတို့ဆီကိုခြူးအလန့်တကြားပြန်ရောက်လာသည်။

စွန် (The Kite) { Completed }Where stories live. Discover now