Unicode
-------------အမြဲတမ်းကျောင်းနောက်ကျတတ်တဲ့ လွန်း တစ်ယောက် ဒီနေ့တော့ (8) တန်းစတတ်တဲ့နေ့ဖြစ်တာကြောင့် လန်းဆန်းနေလို့ ကျောင်းကို အစောကြီးထွက်ခဲ့သည်။
အိမ်မှာကတည်းက ကျောင်းမှာခိုးသုံးဖို့ Phone ထည့်ခဲ့တာမလို့ ကျောင်းပတ်ရင်း Phone သုံးနေလိုက်သည်။ အထက်တန်းတွေတောင် ကျောင်းမတက်သေးတာမလို့ လူ တစ်ယောက်စ၊ နှစ်ယောက်စ သာတွေ့ရသည်။
ထိုထဲမှာမှ library လှေကားမှာ ear phone တပ်ပြီး မှိန်းနေတဲ့ tomboy လေးတစ်ယောက်ကိုတွေ့လိုက်သည်။မိုးစက်သစ်ဆိုတဲ့သူကို အခုမှသေချာမြင်ဖူးသည်။ မနှစ်ကတစ်နှစ်လုံး နာမည်သာ ရင်းရင်းနှီးနှီးကြားဖူးလိုက်သည်။
အခုတော့ လူကိုယ်တိုင်မြင်ရမှ တကယ်ကို သဘောကျမိတာကြောင့် အသင့်ကိုင်ထားတဲ့ Phone လေးနဲ့ ဓာတ်ပုံရိုက်လိုက်မိသည်။"ချလပ်"
လွန်း ရဲ့ပေါ့ဆမှုကြောင့် Phone ကို silent မလုပ်ထားတာကြောင့် အသံထွက်သွားသည်။
လွန်း လည်း လန့်ပြီး ထွက်ပြေးလိုက်မိသည်။
သူကတော့ လွန်း ကိုတွေ့လိုက်မိပုံမပေါ်။အဲ့နေ့က စာသင်ချိန်တောင် သူ့ပုံလေးပဲခိုးကြည့်နေလို့ သူငယ်ချင်းတွေကတောင် တားယူခဲ့ရသည်။ သူငယ်ချင်းတွေကို သူ့ facebook account မေးပြီး သွား add လိုက်တယ်။
"Moe Z" တဲ့
သူ့မှာ ယွန်းဆိုတဲ့ ကောင်မလေးရှိမှန်းသိလိုက်ရပေမယ့် လွန်းအတွက်တော့ဘယ်လိုမှမနေပါဘူး။
နောက်နေ့တွေလည်း သူ့ကိုတွေ့ချင်သေးတာကြောင့် နေ့တိုင်းကျောင်းစောစောသွားဖို့ဆုံးဖြတ်လိုက်တယ်။ မေမေကတော့ ဝီရိယတွေအရမ်းကြီးနေလို့ဆိုပြီး ချီးကျူးနေလေရဲ့။---------------------------------------------------------
တစ်ရက် သူလမ်းလျှောက်လာတာမြင်ပြီး မနေနိုင်မထိုင်နိုင် ဓာတ်ပုံရိုက်မိပြန်တယ်။ ဒီတစ်ခါတော့ silent လုပ်ထားပေမယ့် flash ပွင့်သွားတယ်။ သူသတိမထားလောက်ပါဘူးဆိုပြီး နံရံနဲ့ကွယ်ပြီး သူ့ပုံလေးကို zoom ဆွဲကြည့်နေမိတယ်။
"ဓာတ်ပုံရိုက်လိုက်တာလား" မိုးစက်က လွန်းဘေးကိုရောက်လာသည်။
YOU ARE READING
စွန် (The Kite) { Completed }
Teen FictionTom+Les ( Unicode/ Zawgyi ) (Republish) အချစ်ကို ကိုးကွယ်မိတဲ့အခါ အချစ်ကလွဲပြီး ကျန်တာဘာမှမမြင်တော့။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေ ဖြစ်တဲ့ ကိုယ့် ခံစားချက်တွေကိုတောင် လစ်လှူရှုမိတတ်ကြသည်။ ဦးနှောက်နဲ့ အဆက်အသွယ်ပြတ်ပြီး နှလုံးသားကိုအလိုလိုက်မိတဲ့ခါ က...