Chapter 28

636 47 2
                                    

Unicode
------------

သာမန် ကျောင်းဖွင့်ရက်နေ့တစ်‌နေ့ဆိုပေမယ့် သက်ပိုင်အတွက်တော့ ယွန်း ကို propose လုပ်ထားတယ်ဆိုတဲ့စိတ်နဲ့ လန်းဆန်းတက်ကြွနေသည်။ Bio ပုံတွေဆွဲတဲ့ ‌ဗြောင်စာအုပ်အလယ် စာရွက်ကိုဖြုတ်ပြီး ယွန်း ပုံလေးကိုစိတ်မှန်းနဲ့ ခဲခြစ်နေမိသည်။
သက်ပိုင်ကိုယ်တိုင်သတိမထားမိပေမယ့် တကယ်ကိုကြည်နူးပြီးပြုံးနေသည့် သက်ပိုင် ကိုမြင်တော့ ခြူး ဝမ်းနည်းနေရာကနေ ပျော်မိသယောင်။

"နင်ယွန်း ကို propose လုပ်ထားတယ်ဆို"
ခြူးက မေးရင်းသက်ပိုင်ဘေးဝင်ထိုင်လိုက်သည်။

ဆွဲလက်စ စာရွက်ပေါ်ကို ကမန်းကတမ်း တွေ့ကရာစာအုပ်ကောက်တင်ပြီးဖုံးလိုက်သည်။
"နင်ကဘယ်လိုလုပ်သိသွားတာလဲ"

"ငါမေးတာပဲဖြေပါ"

"Umm.. ဟုတ်တယ်၊ သူကငါ့ကိုစဉ်းစားပေးမယ်တဲ့၊ နင့်ကိုဘယ်သူပြောတာလဲ"

"နင့်သူငယ်ချင်းတွေကိုပြောပြလိုက်မှတော့ တစ်ခန်းလုံးသိနေပြီပဲကို"

"အာ ဟုတ်သားပဲ ဒီကောင်တွေကတော့"
ရယ်ကျဲကျဲနဲ့ ခေါင်းကုတ် ဖြေလိုက်ပြီးတော့မှ မရယ်သင့်မှန်းသိ၍ရုပ်ကိုပြန်တည်လိုက်သည်။

"နင်ငါ့ကိုပြောစရာမရှိဘူးလား"
ခြူး အသံကခက်ထန်နေသည်။

"အင်းရှိတယ်၊ ယွန်း ငါ့ကိုလက်ခံခဲ့ရင်တော့ ငါ ဘယ်သူနဲ့မှ silent မတွဲတော့ဘူးလို့ဆုံးဖြတ်ထားတယ် အဲ့တာ..."

"နင်သူ့ကို propose လုပ်မယ်လို့စဉ်းစားထားရင် ငါ့ကိုတကယ်ချစ်သလိုလိုနဲ့ တွဲဖို့ဘာလို့လာပြောခဲ့ရတာလဲ"

တကယ်တမ်း သက်ပိုင် ယွန်းကိုပြောခဲ့သလို ခြူးကိုမချစ်ဘူးလို့ကြိုပြောပြီးတွဲခဲ့တာမဟုတ်။ ချစ်ဟန်ဆောင်ပြီးတွဲလိုက်မိခြင်းသာ။

"အဲ့လိုမဟုတ်ပါဘူး၊ ငါကနင်ခံစားနေရတာမကြည့်ရက်လို့ပါ၊ ပြီးတော့ ယွန်းကိုကလည်း ဒီတိုင်းမမျှော်လင့်ပဲ propose လုပ်ဖြစ်သွားတာပါ"

"ယွန်း ကကော ငါနင်နဲ့တွဲနေတာသိရက်နဲ့.."

"ယွန်းကိုက နင့်မချစ်ဘူးလို့ကြိုပြောပြီး ဒီတိုင်း silent တွဲတယ်လို့ပြောထားတာ၊ နင်သူ့ကိုတော့သွားမပြောပြလိုက်ပါနဲ့နော် ငါသူ့ကိုတကယ်ချစ်တာနင်သိပါတယ်" သက်ပိုင်က အသနားခံနေသည့်အလား။

စွန် (The Kite) { Completed }Where stories live. Discover now