Unicode
------------"မိုးစက်"
ငါ့နာမည် "မိုးစက်သစ်"
မိုးလေးဖွဲဖွဲလေးအောက် ရေစိုနေတဲ့မျက်မှန်ပေါ်မှာ ရှုပ်ပွပွရှေ့ဆံပင်လေးတွေက ဟိုတစ်စ ဒီတစ်စ တင်နေတယ်။ အပြုံး၊ အဲ့နှုတ်ခမ်းပါးလေးကပြုံးလိုက်တဲ့အပြုံး။"မေမြတ်နိုး"
လှမ်းခေါ်လိုက်တဲ့အသံကြောင့် မြင်ယောင်နေတာလေးပျောက်သွားလို့ လှမ်းခေါ်တဲ့သူကိုတောင် မဆီမဆိုင်ဒေါသထွက်မိသွားသည်။ ပုခုံး ကိုလာဖက်သူကို ကြည့်
လိုက်ဝောာ့ ခြူး။"Aww ခြူး၊ မနက်ကတောင် နင့်ကိုတောင်ရှာနေသေးတယ်။ ကျောင်းဆင်းချိန်မှပဲပေါ်လာတော့တယ်"
"ယွန်းပေါ့ သူ အိပ်ရာထနောက်ကျတာနဲ့ပဲ ငါပါကျောင်းနောက်ကျသွားတာ" ယွန်းဘက်ကိုမျက်ခုံးပင့်ပြပြီး " နင်ကော မုန့်စားဆင်းချိန်ကဘယ်ရောက်နေတာလဲ၊ မုန့်ဈေးတန်း မှာလဲမတွေ့မိဘူး"
" ဒီတိုင်း သူငယ်ချင်းတစ်ယောက်နဲ့စကားသွားပြောနေတာပါ၊ ငါ Jc သွားပြီးဝယ်စရာရှိလို့ အဖော်မရှိဖြစ်နေတာ နင်တို့နှစ်ယောက်လိုက်ခဲ့ပါလား"
"ငါ့ အဖေက အိမ်ပြန်နောက်ကျရင်ဆူနေလိမ့်မယ် ခြူးနဲ့ပဲသွားလိုက်လေ ငါ အိမ်ပဲပြန်လိုက်မယ်" ယွန်းအဖေ ကမလိုအပ်ပဲအပြင်လျှောက်သွားတာမကြိုက်ဘူးလေ။
"နင်တစ်ယောက်ထဲပြန်လို့အဆင်ပြေရဲ့လား"
"ပြန်နေကြပဲကို အဆင်ပြေပါတယ်"
"အဲ့ဆို ငါတို့သွားပီနော်" ပြောရင်းနဲ့ နှစ်ယောက်သား ထွက်သွားကြသည်။
မိုးက တစ်နေကုန်ရွာနေတာမတိတ်သည့်အပြင် ပိုလို့တောင်သည်းလာသည်။
ယွန်း က မိုးရွာရင်မကြိုက်။ စိုစွတ်ပြီး ရွှံတွေ ဗွက်တွေဖြစ်နေတာကို သဘောမကျပေ။ ဒါပေမဲ့လည်း အိမ်ကိုရောက်အောင်ပြန်ရဦးမယ်မလား။ ခေါက်ထီး ကိုလက်နှစ်ဖက်နဲ့ အားသုံးပီးဖွင့်လိုက်သည်။ "ဂျွတ်" သေချာတယ်၊ ထီးကျိုးသွားပြီ။---------------------------------------------------------
"ဘာလို့လဲ အစ်ကိုရာ ကျနော်က ဘာနဲ့အိမ်ပြန်ရမှာလဲ" ဆရာမတွေမမြင်အောင် toilet ထဲမှာ ဖုန်းခိုးပြောနေသည့် မိုးစက် အသံဖြစ်သည်။
YOU ARE READING
စွန် (The Kite) { Completed }
Teen FictionTom+Les ( Unicode/ Zawgyi ) (Republish) အချစ်ကို ကိုးကွယ်မိတဲ့အခါ အချစ်ကလွဲပြီး ကျန်တာဘာမှမမြင်တော့။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေ ဖြစ်တဲ့ ကိုယ့် ခံစားချက်တွေကိုတောင် လစ်လှူရှုမိတတ်ကြသည်။ ဦးနှောက်နဲ့ အဆက်အသွယ်ပြတ်ပြီး နှလုံးသားကိုအလိုလိုက်မိတဲ့ခါ က...