Unicode
------------"Happy birthday မိုးစက်"
12 နာရီအတိထိုးတာနဲ့ မြတ်နိုးဆီက message ကော birthday wish post ကောတက်လာသည်။ မိုးစက် စောင့်နေတဲ့သူဆီက wish မရောက်လာသေးတာမို့ မြတ်နိုး ကို reply ပြန်ဖို့စိတ်မပါ။
နာရီဝက်လောက်ကြာမှ ယွန်း ဆီက wish ရောက်လာသည်။"မွေးနေ့မှာပျော်ရွှင်ပါစေ မ ရဲ့ကောင်လေးရေ"
"ကျေးဇူးမတင်နိုင်ပါဘူး၊ စောင့်နေတာကို ဘာလို့အဲ့လောက်ကြာနေရတာလဲ"
မိုးစက် message လေးကိုဖတ်ရုံနဲ့ မျက်နှာလေး စူပုပ်နေပြီဆိုတာ ယွန်း သိလိုက်သည်။
" Hee hee စိတ်မဆိုးပါနဲ့လို့၊ ခုန ဖေဖေရှိနေလို့ Phone သုံးလို့မရလို့ပါနော်""မွေးနေ့မလို့ ခွင့်လွှတ်ပေးလိုက်မယ်"
"ခွင့်လွှတ်ပေးရုံနဲ့မရဘူးလေ၊ ဘာကျွေးမှာလဲပြော"
"Tmr ကျောင်းဆင်းရင် tuition ရှိလား၊ ရှိလည်း ဖျက်လိုက် ၊ တစ်ခုခုလိုက်ကျွေးမယ်"
"ရတယ်လေ၊ ခြူးတို့ပါခေါ်လိုက်မယ်"
"အခုတော့အိပ်တော့နော် ၊ မနက်ကြအစောကြီးထရမှာ"
"အဲ့တာဆိုအိပ်တော့မယ်နော်၊ goodnight "
ဘဝမှာ မိန်းကလေးတစ်ယောက်ကို ချစ်မိလိမ့်မယ်လို့ ယွန်း တစ်ခါမှမထင်ထားမိဘူး။ အခုတော့ မိန်းကလေးတစ်ယောက်နဲ့ ချစ်သူဖြစ်တာ တစ်နှစ်တောင်ပြည့်သွားခဲ့ပြီ။
---------------------------------------------------------
မိုးစက် မွေးနေ့လည်းဖြစ်၊ anniversary လည်းဖြစ်တာကြောင့် ယွန်း ကျောင်းစောစောလာလိုက်သည်။ စောရောက်နေလို့ (8) တန်းဆောင်ကိုပတ်ပြီးအချိန်ဖြုန်းနေပြန်သည့် မိုးစက် ကိုတွေ့လိုက်သည်။
"Happy birthday ကလေးလေး"
"Hee hee ဒီတစ်ခါတော့ စောစောကျောင်းလာပေးလို့ ကျေးဇူးတင်ပေးမယ်"
ယွန်း နဲ့ မိုးစက် အတူတူ plus ကွင်းကိုဖြတ်နေသည်။
ယွန်း က လွယ်အိတ်ထဲကတစ်ခုခုကိုထုတ်ပြီး
"Birthday present"
အိတ်လေးတစ်ခုကို မိုးစက်ကို ကမ်းပေးလိုက်သည်။
YOU ARE READING
စွန် (The Kite) { Completed }
Teen FictionTom+Les ( Unicode/ Zawgyi ) (Republish) အချစ်ကို ကိုးကွယ်မိတဲ့အခါ အချစ်ကလွဲပြီး ကျန်တာဘာမှမမြင်တော့။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေ ဖြစ်တဲ့ ကိုယ့် ခံစားချက်တွေကိုတောင် လစ်လှူရှုမိတတ်ကြသည်။ ဦးနှောက်နဲ့ အဆက်အသွယ်ပြတ်ပြီး နှလုံးသားကိုအလိုလိုက်မိတဲ့ခါ က...