Unicode
------------" စိတ်ခံစားမှုများကို ရှေ့တန်းထား
(အခုတော့တို့တွေ နှစ်ယောက်စလုံးမှား)
ဘာလုပ်ရမလဲ မင်းတို့ နှစ်ယောက်ကြား
(သူ့ကိုပဲ နင်ချစ်နေလိုက်ပါ........) "
Bunny Phyoe သီချင်းကိုပဲ ထပ်တလဲလဲနားထောင်နေမိသည်။ အနည်းဆုံးတော့ ချစ်သူရှိရက်နဲ့ နောက်ကောင်မလေးတစ်ယောက်ကို ထပ်ချစ်မိတာ ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူး ဆိုတဲ့စိတ်နဲ့ ဖြေသိမ့်လို့ရသည်။
ကျွန်တော်သိချင်တာ တစ်ခုပဲ။
သူတို့ နောက်ဆုံးမှာ ဘယ်သူ့ကိုရွေးချယ်သွားကြလဲ?
အရင်လိုပဲ line ပေါ် ယွန်း မရှိတာကြောင့် လွန်း နဲ့ Messenger မှာစကားပြောပြီး အိပ်ပျော်သွားသည်။ မနက် 1:00 လောက် တရေးနိုးတော့ ph ဖွင့်ကြည့်လိုက်တော့ ယွန်း ဆီက missed call တွေနဲ့ message တချို့။ ရုတ်တရက်တစ်ခုခုကိုသတိရပြီး ပြာပြာသလဲဖြစ်သွားသည်။ ညက လွန်း နဲ့ပြောထားတဲ့ message တွေဖျက်ဖို့မေ့သွားခဲ့သည်။
"Fuck"
ကိုယ့်ကိုယ်ကိုစိတ်တိုပြီး Phone ကို ကုတင်ခြေရင်း ကောက်ပေါက်လိုက်သည်။
---------------------------------------------------------
တစ်ညလုံးနီးပါး မအိပ်ရသေးတာကြောင့် ခေါင်းက ပူထူနေသည်။ ဒါပေမယ့်လည်း ရှင်းရှင်းလင်းလင်းဖြစ်အောင် သိချင်နေတာကြောင့် မိုးစက် ရှိမယ့်နေရာ စဉ်းစားစရာမလိုပဲ ခြေလှမ်းနေမိသည်။ ယွန်း မကြားချင်ဆုံးအဖြေကိုကြားရဖို့အတွက် အင်အားမရှိတာကြောင့် ခြေလှမ်းတွေတွန့်ဆုတ်နေမိသည်။
မိုးစက်ဘေးမှာ ဝင်ထိုင်လိုက်သည်။
တိတ်ဆိတ်မှုကဖုံးလွှမ်းနေပေမယ့် ခံစားချက်တွေကတော့ ယောက်ယက်ခတ်နေသည်။။
သေချာပါတယ် နှစ်ယောက်လုံး ရင်ထဲမှာ တိတ်တိတ်လေး ကြေကွဲနေလောက်သည်။ယွန်းကပဲစပြီး အလိုက်တသိနဲ့
"မ ကိုပြောချင်တာရှိရင်ပြောပါ"
YOU ARE READING
စွန် (The Kite) { Completed }
Teen FictionTom+Les ( Unicode/ Zawgyi ) (Republish) အချစ်ကို ကိုးကွယ်မိတဲ့အခါ အချစ်ကလွဲပြီး ကျန်တာဘာမှမမြင်တော့။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေ ဖြစ်တဲ့ ကိုယ့် ခံစားချက်တွေကိုတောင် လစ်လှူရှုမိတတ်ကြသည်။ ဦးနှောက်နဲ့ အဆက်အသွယ်ပြတ်ပြီး နှလုံးသားကိုအလိုလိုက်မိတဲ့ခါ က...