Unicode
------------"ချစ်တယ် လွန်း"
မျက်လုံးကိုဖြေးဖြေးချင်းဖွင့်လိုက်သည်။ နေရောင်ခြည်မထွက်သေးတဲ့ နံနက်ခင်းရဲ့အစောမှာ ငှက်သံလေးတွေနဲ့အတူ အေးအေးချမ်းချမ်း နိုးထရတဲ့အရသာကို ကျွန်တော်သဘောကျသည်။
ကျွန်တော့်ရဲ့ အိပ်မက်ဆိုးတွေနေရာမှာလည်း လွန်း က နေရာယူသွားပြီ။ အခုဆိုအိပ်မက်ဆိုးတွေဆီကနေ လန့်မနိုးတော့။
နံနက်ခင်းရဲ့အစမှာ လွန်း ဟာ ကျွန်တော့်ကောင်မလေးပါ လားဆိုတဲ့စိတ်နဲ့ ပြုံးလိုက်မိသည်။
တစ်ဆက်တည်းမှာဘဲ လွန်း ဆီက message လေးဝင်လာသည်။"ကို လွန်းကိုကျောင်းရှေ့မှာစောင့်နေပါလား၊ ကျောင်းထဲကိုတစ်ယောက်ထဲမဝင်ရဲလို့"
"Ok လွန်း ၊ ကို စောင့်နေမယ်နော်"
လူတွေအပြစ်ဝိုင်းပြောတာခံရမယ့် လွန်းကို ကာကွယ်ပေးရမှာ ကျွန်တော့်တာဝန်လေ။
လွန်းမှမဟုတ်ဘူး၊ ကျွန်တော်ကိုယ်တိုင်လည်း ဘယ်သူ့ကိုမှမျက်နှာချင်းမဆိုင်ရဲသေး ။
သို့သော်လည်း ကျွန်တော့်အတွက် လွန်း ရှိနေရင်ပြည့်စုံပြီ။---------------------------------------------------------
စာမေးပွဲရက်ဖြစ်တာကြောင့် အလယ်တန်းတွေကော အထက်တန်းတွေကော စာမေးပွဲဖြေချိန်တာကြောင့် ကျောင်းထဲမှာ စာကျက်သံတွေဆူညံနေကြသည်။ ယွန်း၊ သက်ပိုင် နဲ့ ခြူးလည်း plus ကွင်းနားမှာ စာစုကျက်နေကြသည်။
သက်ပိုင် အရှေ့မှာစာအုပ်ဖွင့်ထားပေမယ့် စာမကြည့်ဖြစ်ဘဲ ပင်ပန်းနေပုံပေါက်သည့် ယွန်း ကိုပဲ အရိပ်တကြည့်ကြည့်နဲ့ စိုးရိမ်နေမိသည်။ အထူးသဖြင့် မိုးစက်စိတ်နဲ့ ယွန်း စာမလုပ်ဘဲနေမှာစိုးသည်။
"ယွန်း နင်စိတ်လေပြီးစာမလုပ်ပဲတော့မနေနဲ့နော် စာမေးပွဲတော့ကောင်းကောင်းဖြေနော်"
ယွန်းကပြုံးပြီး "ငါသိပါတယ် ငါပညာရေးကိုတော့အထိခိုက်မခံပါဘူး စိတ်ချ"
ယွန်းက ခေါင်းမော့ပြီး plus ကွင်းဘက်ကို လှည့်လိုက်သည်။ ယွန်း အကြည့်တို့မှာ မရပ်တန့်ပဲရှိနေတာကြောင့် သက်ပိုင် နဲ့ ခြူးလည်း လိုက်ကြည့်လိုက်တော့ plus ကွင်းမှာ မိုးစက် နဲ့ လွန်း အပြင် မြတ်နိုးလည်းရှိနေသည်။
YOU ARE READING
စွန် (The Kite) { Completed }
Teen FictionTom+Les ( Unicode/ Zawgyi ) (Republish) အချစ်ကို ကိုးကွယ်မိတဲ့အခါ အချစ်ကလွဲပြီး ကျန်တာဘာမှမမြင်တော့။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေ ဖြစ်တဲ့ ကိုယ့် ခံစားချက်တွေကိုတောင် လစ်လှူရှုမိတတ်ကြသည်။ ဦးနှောက်နဲ့ အဆက်အသွယ်ပြတ်ပြီး နှလုံးသားကိုအလိုလိုက်မိတဲ့ခါ က...