Chapter 34

691 48 2
                                    

Unicode
-------------

ပျင်းရိဖွယ်ကောင်းတဲ့ နွေရာသီကျောင်းပိတ်ဖြစ်တာကြောင့် အခုလည်း အိပ်ခန်းထဲမှာ ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း Phone ပြောပြီးအလွမ်းသယ်နေရသည်။

Tuition တွေလည်း ပြန်တက်ရတော့မယ်၊
ယွန်းနဲ့လည်း ပြန်အဆင်ပြေကာစဆိုတော့ စိတ်ထဲထစ်နေဝာာကိုတစ်ခါတည်းရှင်းသွားအောင်မေးချင်နေသည်။

"ဟိုသက်ပိုင်တို့နဲ့တွေ့တဲ့နေ့ကလေ မ နဲ့စကားပြောနေတဲ့ယောက်ျားလေးကဘယ်သူလဲ"

"ဒီတိုင်း tuition ကသူငယ်ချင်းပါ၊ မင်းခန့် တဲ့"

"မမှာဘယ်တုန်းက ယောက်ျားလေးသူငယ်ချင်းရှိလို့လဲ"

"အမှန်ပြောရရင်သူက မ ကို ကြိုက်တယ်ဆိုပြီးပြောထားတာ ဒါမယ့်စိတ်မပူပါနဲ့ မ.."

သက်ပိုင်မရှိတော့လို့ စိတ်အေးနေရာကနေ နောက်တစ်ယောက်ကပေါ်လာပြန်ပြီ။
"ဘာလို့စိတ်မပူရမှာလဲ ခြူးပြောတော့ အတူတူတောင်ထိုင်တယ်ဆို"

"အမြဲလည်းမဟုတ်ပါဘူး"

"ဆယ်တန်း အဲ့ဒီ tuition မတက်နဲ့တော့"

"အဲ့လိုမတက်ချင်တိုင်း မတက်လို့ရတာမှမဟုတ်တာ မောင်ရယ်၊ ပြီးတော့ သက်ပိုင်လည်း မရှိတော့ဘူးဆိုတော့ ခြူးနဲ့ပဲအတူတူထိုင်မှာပါ"

"ဘာပဲဖြစ်ဖြစ် tuition တစ်ခုတည်းအတူတူတက်ပြီးမြင်နေရမှာဘဲလေ၊ သူက ရည်းစားရှိတာသိတာတောင်ကြိုက်တဲ့အကြောင်းလာပြောသေးတာပဲ"

"မောင့်ကိုပြောပြမိတာမှားတာ၊ ထားလိုက်တော့ အိပ်တော့မယ်"

ယွန်း ဖုန်းချသွားပြီ။

တကယ်ဆို ကျွန်တော်စိတ်ချရအောင် ချိုချိုသာသာနဲ့ ပြန်ပြောပေးလိုက်ရင် အဆင်ပြေသွားမှာ။
စကားများကြတဲ့အခါတိုင်း ရှောင်ထွက်သွား၊ နောက်တစ်နေ့ရောက်ရင် ဘာမှမဖြစ်ခဲ့သလို ပြန်နေရတာကြီးကိုမုန်းသည်။

ဝမ်းနည်း ဒေါသထွက်ပြီး phone ကိုပစ်ပေါက်မယ်လုပ်ပြီးမှ မဖြစ်သေးပါဘူးဆိုပြီး ကုတင်ပေါ်ပဲပြန်ပစ်ချလိုက်သည်။
ကိုယ်တိုင်လည်း ကုတင်ပေါ်ပြစ်လှဲလိုက်သည်။

စွန် (The Kite) { Completed }Where stories live. Discover now