Chapter 27

659 49 3
                                    

Unicode
------------

မြတ်နိုးကို စက်ဘီးနဲ့ tuition ကနေ အိမ်ကိုပြန်လိုက်ပို့ပေးရတာ မိုးစက်ရဲ့နေစဉ်တာဝန်လိုပင်ဖြစ်နေပြီ။ ည 8 နာရီလောက်ရှိပြီဖြစ်တာကြောင့် ကားတွေရှင်းနေပေမယ့် အရှိန်နဲ့သွားတဲ့ ကားတွေကိုလည်း ဂရုတစိုက်ရှောင်ရသည်။

"နင်အချိန်ရလား" မိုးစက်က မီးပွိုင့်ကိုဖြတ်ရင်း လှမ်းမေးလိုက်သည်။

"အင်း ရပါတယ်"

မိုးစက်က စက်ဘီးကိုရုတ်တရက် လမ်းဘေးချရပ်လိုက်တော့ မြတ်နိုးလည်း စက်ဘီးပေါ်ကဆင်းလိုက်သည်။

မိုးစက် ဘာလို့ရပ်လိုက်လည်းမသိပေမယ့် လေ လေးတဖြူးဖြူးနဲ့ အေးစိမ့်စိမ့်လေးဖြစ်နေပြီး လေတစ်ချက်တိုက်လိုက်တိုင်း မိုးရွာထားတဲ့ မြေသင်းနံ့လေးကို ရနေတာကြောင့် သဘောကျစရာကောင်းသည်။
မိုးစက်က စက်ဘီးကို ဒေါက်ထောက်ပြီး ကျောပိုးအိတ်ထဲက vape ကိုယူပြီးသောက်လိုက်တော့ မြေသင်းနံ့တို့နေရာမှာ vape အငွေ့တွေကနေရာယူသွားသည်။

"အဲ့တာဘာအနံ့လဲ ‌မွှေးနေတာပဲ"

"berry"

"ငါလည်းသောက်ကြည့်ချင်တယ်"

"ဘာလို့လဲ"

"ဘယ်လိုအရသာလဲသိချင်လို့"

မိုးစက် က မြတ်နိုးအရှေ့တည့်တည့်ကနေ အကြည့်ချင်းဆုံအောင် ပိတ်ရပ်လိုက်သည်။
Vape ကိုခပ်ပြင်းပြင်းရှူပြီး ဘေးဘက်ကို မှုတ်ထုတ်လိုက်သည်။

"အရသာသိချင်တာများ"

မိုးစက်ကပြောရင်း မြတ်နိုးပါးတစ်ဖက်ကို လက်နဲ့ကိုင်လိုက်တာနဲ့ မြတ်နိုး မျက်လုံးတွေအလိုလိုမှိတ်မိသွားသည်။ မြတ်နိုးအလိုချင်ခဲ့ဆုံးဖြစ်တဲ့ မိုးစက် ရဲ့အနမ်းက အခုဆိုမြတ်နိုး နှုတ်ခမ်းတစ်စုံ ပေါ်မှာ နေရာယူနေပြီ။

မြတ်နိုး ကိုယ်သင်းနံ့လေးကိုကျွန်တော်သဘောကျသည်။ မြတ်နိုး အသားလေးတွေက နူးညံ့လွန်းမှန်း ပါးလေးကိုကိုင်လိုက်မှသတိထားမိတော့သည်။ နှုတ်ခမ်းကိုပြန်ခွာလိုက်တော့ ညမှောင်‌နေပေမယ့် ပါးဖြူဖြူလေးတွေက အနီရောင်သမ်းနေတာကိုမြင်ရသည်။

စွန် (The Kite) { Completed }Where stories live. Discover now