Chapter 32

646 45 0
                                    

Unicode
-------------

မဖြစ်သင့်မှန်းသိရက်နဲ့ ချစ်မိသွားပေမယ့် ဒီအချစ်က အပြစ်ဖြစ်လာမယ်လို့ တကယ်မထင်ထားခဲ့တာပါ။
အစ်ကိုနဲ့ လွန်း ဒီထက်ပိုစောစောတွေ့ဖြစ်ခဲ့ရင်ကောင်းမယ် အစ်ကို။

Plus ကွင်းထဲမှာ ကော်ဖီ ပူပူသောက်ရင်းစောင့်နေသည့် မိုးစက်ကို လွန်း မြင်သည်။
ဒါပေမယ့် အစ်ကို့နားမသွားချင်။
အစ်ကို့ နားသွားပြီး အစ်ကိုနဲ့စကားပြောပြီးတာနဲ့ လွန်း နဲ့ အစ်ကိုက မသက်ဆိုင်တော့တဲ့သူတွေဖြစ်သွားမှာ လွန်း သိတယ်။

မိုးစက် လွန်း ကိုတွေ့သွားပြီး စိုက်‌ကြည့်နေပြီ။ လွန်း သွားမှဖြစ်တော့မယ်။

မိုးစက်က လွန်းကိုတွေ့တာနဲ့ စပြောသည့်စကားက တောင်းပန်စကား။ အနာမပေးခင် ဆေးအရင်ထည့်ပေးလိုက်သည့် သဘောဖြစ်သည်။
"အစ်ကိုတောင်းပန်ပါတယ်"

"အင်း"

"အစ်ကိုတို့လမ်းခွဲရအောင်နော်"

"ဘာလို့လဲ...လွန်း ဘာအမှားလုပ်မိလို့လဲ"

"လွန်း မမှားပါဘူး...အစ်ကိုမှားတာ..အခုအစ်ကိုအဲ့အမှားကိုပြန်ပြင်ချင်တယ်"

"လွန်း ကိုရွေးတာ အမှားလို့ပြောချင်တာလား"

"ယွန်း ကိုမပြတ်နိုင်ဘဲ လွန်းကိုရွေးမိတာမှားတာ...အစ်ကိုတောင်းပန်ပါတယ် အစ်ကို ယွန်း ကိုအဆုံးရှုံးမခံနိုင်ဘူး"

"သူက လွန်းထက် အစ်ကို့အပေါ်ဘာများပိုကောင်းနေလို့လဲ" ဝမ်းနည်းမှုက ဒေါသတွေအဖြစ်ပြောင်းနေပြီ။

"မဆိုင်ဘူးလွန်း..အစ်ကို သူ့ကိုအရမ်းတန်ဖိုးထားတယ်..လွန်း အစ်ကို့အပေါ်အရမ်းကောင်းတာအစ်ကိုသိပါတယ်..ဒါပေမယ့် လွန်းပေးမယ့်ပျော်ရွှင်မှုထက် သူပေးတဲ့ နာကျင်မှုကိုပဲ အစ်ကိုပိုမြတ်နိုးတယ်လွန်း"

မျက်ရည်မကျမိ‌အောင် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း ခေါင်းကိုသာငုံ့ထားမိသည်။

"အစ်ကိုအခုသောက်နေတဲ့ ကော်ဖီပူပူ ကအစ်ကို့ ကိုနွေးထွေးစေတယ်..ဒါပေမယ့် ကော်ဖီကချိုလို့ အစ်ကိုမကြိုက်ဘူး..အဲ့အစား ကော်ဖီ ခါးခါး အေးအေး တစ်ခွက်ကိုဘဲ အစ်ကိုရွေးမိလိမ့်မယ်"

စွန် (The Kite) { Completed }Where stories live. Discover now