Unicode
-------------Tuition မှာစာကျက်ဖို့အချိန်ပေးထားပေမယ့် စာထဲကိုစိတ်နှစ်လို့ကိုမရ..အတွေးတွေကပြန့်နေသည်။
"မြတ်နိုး"
မိုးစက်ခေါ်သံကြောင့် မြတ်နိုးက စာကျက်နေရာကနေ လှည့်ကြည့်ပြီး မေးငေါ့ပြသည်။
"ငါသူနဲ့ပြန်အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲ"
"နင့်ဘာသာပေါက်လွတ်ပဲစားတွေလျှောက်လုပ်ခဲ့ပြီးတော့" မြတ်နိုးက ပြောပြီး စာပြန်ကျက်နေသည်။
"ငါကိုယ်တိုင်တောင် အဲ့တုန်းကဘယ်လိုစိတ်နဲ့ယွန်းကိုထားခဲ့မိလည်းစဉ်းစားလို့မရဘူး..ပြန်စဉ်းစားကြည့်ရင် ငါအသိစိတ်လွတ်နေခဲ့သလိုပဲ"
"တော်သေးတာပေါ့ အသိစိတ်ပြန်ဝင်လာသေးလို့"
"ဒါပေမယ့် အခုအခြေအနေကအေးတိအေးစက်ကြီး"
"အစပိုင်းမလို့ပါ..အဆင်ပြေသွားမှာပါ၊ အခုကစာမေးပွဲလည်းနီးနေပြီ သူလည်းစာအေးဆေးလုပ်ပါစေ"
မိုးစက်က ခေါင်းတညိမ့်ညိမ့်နဲ့ပင်။
"ဒါနဲ့ လွန်းနဲ့ကောတကယ်ပြတ်ပြီလား"
"ငါသူ့ကိုအပြတ်ဖြတ်ပြီးပြီ"
"ပြီးတာပဲ စာဆက်ကျက်တော့..မဟုတ်ရင်ငါ ရေဘူးနဲ့ကောက်ထုတော့မယ်" မြတ်နိုးက ပြောရင်းနဲ့ ဘေးမှာချထားတဲ့ ရေဘူးကိုကိုင်ပြီး လက်ရွယ်ပြသည်။
"နင်ကလည်း ကျက်ပါ့မယ်..စိတ်ကြီးပဲ"
-----------------------------------------------------------------
ခြူးက အခုတလော သက်ပိုင်နဲ့အတူသွားထိုင်နေတာကြောင့် tuition မှာ ယွန်း တစ်ယောက်တည်းထိုင်ဖြစ်တာများသည်။
ခြူးကိုလည်း အပြစ်တင်လို့မရ..သက်ပိုင်နဲ့ကလည်း 9 တန်းပြီးရင် တွေ့ရတော့မှာမဟုတ်တော့ ရှိတဲ့အချိန်လေးမှာ သက်ပိုင်နားနေချင်ရှာမှာဘဲမဟုတ်လား။"အနောက်မှာထိုင်ရတာ whiteboard ကိုသေချာ မမြင်ရလို့ ဒီမှာခဏလာထိုင်မယ်နော်"
အရပ်မြင့်မြင့် အသားညိုညိုကောင်လေးတစ်ယောက်က ယွန်း ဘေးလာထိုင်ဖို့ခွင့်ပြုချက်တောင်းပေမယ့် မသိချင်ယောင်ဆောင်ပြီး စာဆက်ရေးနေလိုက်သည်။
YOU ARE READING
စွန် (The Kite) { Completed }
Teen FictionTom+Les ( Unicode/ Zawgyi ) (Republish) အချစ်ကို ကိုးကွယ်မိတဲ့အခါ အချစ်ကလွဲပြီး ကျန်တာဘာမှမမြင်တော့။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေ ဖြစ်တဲ့ ကိုယ့် ခံစားချက်တွေကိုတောင် လစ်လှူရှုမိတတ်ကြသည်။ ဦးနှောက်နဲ့ အဆက်အသွယ်ပြတ်ပြီး နှလုံးသားကိုအလိုလိုက်မိတဲ့ခါ က...