Part-4 Thief Life

2.8K 296 2
                                    

Unicode

အပိုင်း- ၄ နတက်လုံးဘဝ တစ်စိတ်တစ်ပိုင်း
ရှောင်းကျန့် နန်းတော်ထဲ ဝင်လာတော့ နေပင်စောင်းလုနေပြီ။ ရှောင်းကျန့် ထင်သည့်အတိုင်းပင် ဘုရင်တစ်ယောက်လုံး ပျောက်သွားတာတောင် နန်းတော်မှာ ရှုပ်ရှက်ခတ်နေတာမျိုးမရှိပေ။
ဘုရင့်အိပ်ဆောင်မှာတော့ မယ်တော်နဲ့ အစ်မတော် ရှောင်ဟွားတို့ ရောက်နှင့်နေသည်။

"ဘယ်တွေရောက်သွားတာလဲ အရှင်မင်းကြီးရယ်
ဒီမယ်တော် စိတ်ပူလိုက်ရတာ ထိခိုက်မိတာရှိသေးလား"

"ကျွန်တော် ဘာမှမဖြစ်ခဲ့ပါဘူး
လူတစ်ယောက် ကယ်ခဲ့တာပါ မယ်တော် စိတ်ပူတော်မမူပါနဲ"
"အစစအရာရာ သတိထားမှပေါ့ သားတော်ရယ်"

"သတိထားပါ့မယ် မယ်တော်"
"ကောင်းပါပြီ အရှင်မင်းကြီး နားပါတော့ မယ်တော်တို့ကို ပြန်ခွင့်ပြုပါ"
"ဂရုစိုက်ပြန်ပါ သားတော်လိုက်မပို့တော့ပါဘူး ခွင့်လွှတ်ပါ"
"ကိစ္စ မရှိပါဘူး သားတော် အနားယူပါ"

မယ်တော်တို့ ပြန်သွားတော့ ရှောင်းကျန့် အပြင်က ရှန့်ကုန်းကုန်းကို ခေါ်လိုက်သည်။
"နန်းတွင်းထဲ အမတ်တွေကို အကြောင်းကြားလိုက်ပါ ကိုယ်တော် ဘေးမသီရန်မခပဲ ပြန်ရောက်ပြီဆိုတာကို"
"အမိန့်တော် အတိုင်းပါ အရှင်မင်းကြီး"
"ပြီးတော့ ဘယ်သူလာလာ ပေးမဝင်ပါနဲ့
ကိုယ်တော် အနားယူချင်တယ်"
"မနက်ဖြန်မှ ညီလာခံခေါ်မယ် ပြောလိုက်ပါ မောင်မင်းလဲ သွားလို့ရပြီ"
"အမိန့်တော် အတိုင်းပါ အရှင်မင်ကြီး"

ရှောင်းကျန့် ပင်ပန်းစွာ အိပ်ရာပေါ် လှဲချလိုက်လေသည်။
မျက်လုံးမှိတ်လိုက်တာနဲ့ ခေါင်းထဲ အတွေးတွေက တန်းစီပြီး ဝင်လာသည်။
"ဒီနေ့ တစ်နေ့ထဲ အဖြစ်အပျက်တွေက မျိုးစုံဖြစ်သွားတယ်မလား"
"မိုးမခေါ်လိုက်ရပဲ မိုးတွေကရွာချ နောက်ပြီး ကောင်းကင်က မိုးနတ်မင်းက
ရှောင်းကျန့်ကို စိတ်ညစ်မခံစေချင် အလုပ်မရှုပ်စေချင်ဘူးထင်ပါတယ်"

အသက်ကိုစွန်လွှတ်ရဖို့ လက်တကမ်းအလိုမှာ ကယ်မဲ့သူပေါ်လာပြီး
အဲ့ဒီကယ်တင်ရှင်နဲ့ပဲ သာမန်ထက်ပိုတဲ့
ဆက်ဆံရေးရောက်ခဲ့ပြန်သည်။
ရှောင်းကျန့်တွေးရင်း နှုတ်ခမ်းကို အလိုလို စမ်းလိုက်မိသည်။
"အော်..အခုထိ ရင်ခုန်နေရတုန်းပါပဲလား"
"ဝမ်ရိပေါ်ဆိုတဲ့ လုပ်ချင်တာ လုပ်သွားတဲ့သူကို တစ်နေ့ ပြန်တွေ့နိုင်မှာပါ"
ရှောင်းကျန့်တွေးရင်း ရင်ထဲနွေးသွားတာမို့ အိပ်ပျော်အောင်ပဲကြိုးစားလိုက်တော့သည်။

The Secret Thief & His Precious King [Completed]Onde histórias criam vida. Descubra agora