Unicode
အပိုင်း - ၄၂ သူခိုးဖမ်းခြင်းဝမ်ရိပေါ် ညနေစောင်းတော့ ကျိရန်အခြေအနေမေးရန် မြို့ထဲထွက်လာခဲ့သည်။ မြို့ထဲမှာ မနေ့
ညကအဖြစ်အပျက်ကြောင့် သာမန်ထက် တိတ်ဆိတ်နေပြီး လမ်းမပေါ်မှာလဲ ဈေးရောင်းဈေးဝယ်လောက်သာရှိပြီး လူသွားလူလာ ရှင်းလင်းနေသည်။ တီးတို့ပြောဆိုနေကြသည်များကတော့
"ညက ပုန်ကန်မှုက အထိအခိုက်များတယ်တဲ့"
"ဘုရင်လဲ ဒဏ်ရာရသွားတယ်တဲ့"
"ပုန်ကန်တဲ့ အမတ်ကြီးလဲ သေပြီတဲ့"ဝမ်ရိပေါ် ထိုစကားများကို မကြားသလို ဆက်လျှောက်လာခဲ့သည်။ လမ်းတစ်ခုကအိမ်ကြီးရှေ့ရောက်တော့ ရိပေါ် ရပ်လိုက်သည်။ စာပေရေးရာ အမတ်ကြီးအိမ်ဝင်းထဲတွင်တော့ ရဲမက်တွေသာရှိပြီးတိတ်ဆိတ်ငြိမ်သက်နေသည်။ ရိပေါ် ဒီအိမ်ကြီးမှာ ကလေးဘဝ တစ်စိတ်တစ်ဒေသကို ဖြတ်ကျော်ခဲ့ရသည်။ ရိပေါ်အမေနှင့်တူတူ ရယ်မောရင်း ငိုယိုရင်း အနှိမ်ခံရခြင်းစတဲ့ မတူညီသော အမျိုးမျိုးသော စိတ်ခံစားချက်များနှင့် ဖြတ်သန်းခဲ့ရသည်။ အခုတော့ အားလုံးပြီးဆုံး ငြိမ်သက်သွားခဲ့လေပြီ။ ရိပေါ်ကိုယ်တိုင် ဒီအိမ်တော်နှင့် လုံးလုံးမှမဆိုင်တဲ့သူဖြစ်မှန်း သေချာသွားခဲ့လေပြီ။ ရိပေါ် အိမ်ဝင်းအား တစ်ချက် တွေဝေစွာ ငေးမောရင်း မျက်နှာလွှဲလိုက်ကာ ဆက်လျှောက်လာခဲ့သည်၊
ကျိရန်အိမ်ဘက်ရောက်ကာနီးမှ လမ်းထောင့်တွင် အဘိုးတစ်ဦးနှင့် အဘွားတစ်ဦး ချုံးပွဲချငိုယိုနေသည်။ လူတစ်ချို့ကလဲ စိတ်ဝင်စားစွာ လှမ်းကြည့်နေကြသည်။ ရိပေါ် အကူအညီပေးနိုင်မလားဟု သိချင်ဇောနှင့်အနား ကပ်သွားလိုက်သည်။ အနားရောက်တော့ ဘေးက လူတစ်ယောက်ကို မေးလိုက်သည်။
"ဘာတွေဖြစ်နေကြတာလဲဗျ"
"အဘွားတို့ရဲ့ အမွေပစ္စည်းကို ကုန်သည်က ဈေးနှိမ်ပြီး ဝယ်သွားလို့တဲ့"ရိပေါ်သက်ပြင်းချကာ အဘိုးအဘွားတို့နားသွားကာ မေးလိုက်သည်။
"အဘွား အမွေပစ္စည်းက ဘာများလဲ"
"ကျောက်စိမ်းဆံထိုးလေးပါ လူလေးရယ်"
"တန်ဖိုးအများကြီး ရှိတာလား"
"တန်တာပေါ့ လူလေးရယ် အဘွားရဲ့ အဘွားလက်ထက်တည်းက
လက်ဆင့်ကမ်းလာတာပါ"
"ကုန်သည်က အဘွားတို့ကို ငွေသားဘယ်လောက်နဲ့ တန်ဖိုးဖြတ်သွားတာလဲ"
"ငွေသားနှစ်ဆယ်တဲ့ လူလေးရယ် လွန်ခဲ့တဲ့နှစ်ရှစ်ဆယ်လောက်က ကျောက်စိမ်းဆို ငွေသားထောင်ချီတန်ပါတယ် အဘွားတို့ စီးပွားရေးအဆင်မပြေတာတောင် ထုခွဲမရောင်းချပဲ အလုပ်ကြိုးစားပြီး ရှာဖွေစားသောက်ခဲ့တာပါ"

YOU ARE READING
The Secret Thief & His Precious King [Completed]
Romanceမင်းက တိမ်တွေလိုပဲ ဝမ်ရိပေါ် လေအလျင်နဲ့ အမြဲ ပျောက်ကွယ်သွားတယ်... Xiao Zhan အဲ့ဒီတိမ်ဆိုတဲ့ ကျွန်တော့ကို ခင်ဗျားဖမ်းဆုပ်မထားချင်ဘူးလား... Wang Yi Bo Yizhan Zhanyi နှစ်ခုလုံးပါသော Seke Type Fiction အမျိုးအစားပါ