Part-22 Don't Leave

1.5K 144 5
                                    

Unicode
အပိုင်း-၂၂ ကိုယ်တော့်အနားက မထွက်သွားပါနဲ့

ရှောင်းကျန့် မအိပ်နိုင်သေးပဲ ဝမ်ရိပေါ်ကို စိတ်အတော်ပင်ပူနေသည်။ ညနေစောင်းမှ ရိပေါ်နယ်စပ်မြို့သွားသည်ဟု ကိုယ်ရံတော်စုန့်ကျိရန် လာလျှောက်ပြီးတည်းက ရှောင်းကျန့် တစ်ခြားအရာများ ဘာမှမလုပ်နိုင်ပေ။
"မပြောမဆိုနဲ့ ထွက်သွားတော့ ရိပေါ် ဘာများအရေးကြီးလို့လဲ.ဘာသတင်းရလို့လဲ"ဟုသို့လောပေါင်းများစွာဖြင့် ရှောင်းကျန့် စိတ်တွေပူပန်နေသည်။
တစ်ညလုံး အိပ်၍လဲ မရ လမ်းလျှောက်လိုက် ထိုင်ပြီးစိတ်ပူလိုက်နှင့် မိုးလင်းရန်သာ ရှောင်းကျန့် ဆန္ဒစောနေမိသည်။

မနက်မိုးစင်စင်လင်းတော့လဲ ရိပေါ်အလာကို စောင့်နေရတာနဲ့တင် တစ်မနက်လုံး ညီလာခံတွင်လဲ အမတ်တွေလျှောက်တင်တာ ကြားတစ်ချက် မကြားတစ်ချက်ပေ။

ဝမ်ရိပေါ် နယ်စပ်မြို့ကနေ တွေ့လာသည့် အရာများကို မင်းကြီးအား လျှောက်တင်ရန် လျှင်မြန်စွာ မြင်းကို အပြေးနှင်ပြီး ပြန်လာခဲ့သော်လည်း
နန်းတွင်ထဲသို့ ဝင်ရမှာ ဝန်လေးနေသည်။
လေ့ကျင့်ရေးကွင်းဘက်ပဲ သွားရမလိုလို ဘုရင့်နန်းဆောင်ပဲ သွားရမလိုလို တွေဝေနေသည်။ ညက တွေ့ခဲ့သည်များ အရှင်မင်းကြီးကို ကျိန်းသေလျှောက်တင်ရမည်ဖြစ်သော်လည်း
မသိစိတ်က အလိုလိုတွန့်ဆုတ်နေမိသည်။ တစ်ဖက်က မိမိကို အသိအမှတ်မပြုသော ဖခင် နှင့် တစ်ဖက်က မိမိတန်ဖိုးထားရတဲ့ လူသားမို့ ဝမ်ရိပေါ် မိမိဘဝ၏ဖြစ်တည်မှုကိုပါ မင်းကြီးကို ဖွင့်ပြောပြရမှာ ဝန်လေးနေမိသည်။

"ရိပေါ်"
ဝမ်ရိပေါ် ဘယ်လောက် စိတ်လွင့်နေမိလဲမသိ အနားကို အရှင်မင်းကြီး တစ်ယောက်လုံး ရောက်လာတာတောင် မသိလိုက်ချေ။

"ဝမ်ရိပေါ်..သင်ကြားရေးအရာရှိ"
"အရှင်..အရှင်မင်းကြီး"
"ဘာတွေတွေးနေလို့ ခေါ်တာတောင်မကြားတာလဲ"
"စိုးရွံမိပါတယ် အရှင်မင်းကြီး"
"ထားလိုက်တော့ နန်းဆောင်ကို အခစားဝင်ပါ"
"အမိန့်အတိုင်းပါ မင်းကြီး"

နန်းဆောင်ထဲရောက်သည်အထိ မျက်နှာညိုးငယ်နေသော ရိပေါ်ကို ရှောင်းကျန့်ကပဲ စကားစပြီး မေးရသည်။
"ရိပေါ် နယ်စပ်မြို့သွားတယ်ဆို ဘာအကြောင်းထူးလို့လဲ"
"ကိုကို ကျွန်တော်က ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်
ကိုကို လက်ခံမှာလား"
"ဘာလို့လဲ ရိပေါ် ကိုကို့ကိုသေချာပြော"

The Secret Thief & His Precious King [Completed]Donde viven las historias. Descúbrelo ahora