Part-23 Decided to Leave

1.4K 130 3
                                    

Unicode
အပိုင်း -၂၃ တစ်ဖက်နိုင်ငံကိုထွက်ခွာဖို့ ဆုံးဖြတ်ခြင်း

ရှောင်းကျန့် အခန်ထဲ ခေါက်တုံ့ခေါက်ပြန် လျှောက်နေရင်း နန်းတော်ထဲကနေ တစ်ပတ်လောက်ထွက်ရဖို့အရေး ဖြစ်နိုင်သမျှ အကြံအကုန်စဉ်းစားနေသည်။ တစ်နာရီလောက်
ရှိပြီဖြစ်သော်လည်း ခိုင်လုံသည့် အကြောင်းပြချက်နဲ့ မည်သည့်အကြံဉာဏ်မှ ထွက်လာသေးပေ။ ခေါင်းတစ်ခုလုံး ပူထူနေတာကလွဲ ရှောင်းကျန့် ဘာတစ်ခုမှ စဉ်းစားမရပေ။

"အရှင်မင်းကြီး သင်ကြားရေး အရာရှိ ဝမ်ရိပေါ် ဝင်ခွင့်တောင်းပါတယ်"
အပြင်က ရှန့်ကုန်းကုန်း အသံကြား၍ ရှောင်းကျန့် အံ့သြသွားသည်။ "ရိပေါ်ပြန်သွားတာ
မကြာသေးဘူး မဟုတ်ပါလား"
"ဝင်ခဲ့"
ရိပေါ်တို့ဝင်လာတော့ ဘဏ္ဍာတိုက်က အမှုထမ်းအပြင် ကိုယ်ရံတော် စုန့်ကျိရန်ကပါ လိုက်ဝင်လာတော့ ရှောင်းကျန့် မျက်ခုံးပင့်သွားသည်။

"ဘာအကြောင်းထူးလို့်လဲ ရိပေါ်"
ရိပေါ် အသံကို နှိမ့်ချကာ
"တစ်ဖက်နိုင်ငံသွားမယ့် အကြောင်းကိစ္စ
အတွက်ပါ အရှင်မင်းကြီး"
"ဘာဖြစ်လို့လဲ ရိပေါ်"
"ဘဏ္ဍာစိုး လက်ထောက် ရှင်းပြပါလိမ့်မယ် အရှင်မင်းကြီး"
"ဒီလိုပါ အရှင်မင်းကြီး"

ဟောက်ရွှမ်းနဲ့ ကျိရန်ရှင်းပြလိုက်တော့ ရှောင်းကျန့် မျက်နှာက အံ့သြမှုလဲမပြ အရာရာသိပြီးနေသလိုပင်။ ဒါပေမဲ့ နန်းတော်ထဲကထွက်ရမယ့် အစီအစဉ်ကတော့ သဘာဝကျတာမို့ ရှောင်းကျန့်လက်ခံလိုက်သည်။

"ကောင်းပြီ မောင်မင်းတို့ ပြောတဲ့အတိုင်း ဆက်လုပ်ဆောင်တာပေါ့"

ရိပေါ်ကတော့ ရှောင်းကျန့်ကိုကြည့်ပြီး မယုံကြည်စွာ
"ကို..မင်းကြီး မိဖုရားနဲ့ ဇာတာ
မကိုက်တာ သိပြီးသားလား"
"ကို..အဲ့ ကိုယ်တော်သိပြီးသားပါ ရိပေါ်..
အစတည်းက ကိုယ်တော် စိတ်ဆန္ဒမပါတာမို့ အဆင်ပြေသလိုလုပ်ကြပါစေ ဆိုပြီး လွှတ်ထားတာပါ"

ရိပေါ်နဲ့မင်းကြီးကို ကြည့်ပြီး ဟောက်ရွှမ်း ရီချင်သလို စိတ်ရှုပ်သလိုဖြစ်လာသည်။ စကားပြောနေတာ အထစ်ထစ်အအနဲ့ အခေါ်အဝေါ်တွေ ရှုပ်နေသည့်ပုံပင်။ သို့သော် ထုတ်တော့ မရီရဲပေ။ ကျိရန်ကြည့်တော့လဲ မြင်ရကြားရတာ ရိုးနေသလို အေးဆေးဖြစ်နေပုံကြောင့်ဟောက်ရွှမ်း ဘာမှ ဝင်မပြောတော့ပေ။

The Secret Thief & His Precious King [Completed]Donde viven las historias. Descúbrelo ahora