Part-7 Fight for You

2.3K 272 5
                                    

Unicode
အပိုင်း - ၇ အရှင့်အတွက် အနိုင်တိုက်မယ်

ဝမ်ရိပေါ် ဒီနေ့ ကိုယ်ရံတော် ပြိုင်ပွဲ အတွက်စိတ်လှုပ်ရှားနေသည်။
နန်းတော်ရှေ့တွင် ပြိုင်ပွဲစခါနီးမှ အချိန်ကိုက်ဝင်မည်ဟု
ဆုံးဖြတ်ကာ ရပ်စောင့်နေလိုက်မိသည်။
အထဲမှာဘယ်လိုအခြေအနေလဲ မသိသေးချေ။

ပြိုင်ပွဲကွင်းထိပ်မှ ပြိုင်ပွဲစရန် စည်အား စတီးလေတော့သည်။
ရှောင်းကျန့် စိတ်လျော့ချကာ မျက်လုံးများပါမှိတ်ပစ်လိုက်သည်။
ပြိုင်ပွဲဝင်စာရင်းအားတောင်းကြည့်ပြီး ဝမ်ရိပေါ်နာမည်တွေ့သော်လဲ
ရောက်မလာတဲ့သူကို မမျှော်ချင်တော့ပါ။
"ဝမ်ရိပေါ်မပါတဲ့ပွဲ ဘာအဓိပ္ပာယ် ရှိမှာလဲ"

ဝမ်ရိပေါ်ကွင်းထဲ အမြန်ဝင်လာတဲ့ချိန် ဘုရင်ရှိသောပွဲကြည့်စင်ဘက် ငေးကြည့်လိုက်သည်။
ရှောင်းကျန့်ဆိုသော ထိုဘုရင်က စိတ်ပျက်လက်ပျက်ထိုင်နေသည်ဟုထင်ရသည်။
မျက်လုံးတွေပါ မှိတ်ထားတာလား မသိ။
ကွင်းနှင့် အတန်ငယ်လှမ်း၍
သေချာတပ်အပ်မမြင်ရသောကြောင့် ဝမ်ရိပေါ် စိတ်ထင့်သွားသည်။
"သူကိုယ်တိုင် ငါ့ကိုပြိုင်စေချင်တာလေ အခုက
သူက ဘယ်လိုတောင် စိတ်မပါတဲ့ပုံဖြစ်နေတာလဲ"

ရှောင်းကျန့်မကြည့်လို့လဲ မရ
ကိုယ့်ရဲ့ တာဝန်ဖြစ်နေတော့လဲ
မျက်လုံးအသာဖွင့်ပြီး ကွင်းထဲ စိတ်မပါစွာကြည့်လိုက်သည်။
ပြိုင်ပွဲဝင်တွေရပ်နေတဲ့ နောက်ဆုံးတန်းမှာ ဝ
မ်ရိပေါ်ကို အမှတ်မထင် တွေ့လိုက်ရတဲ့အချိန် ကိုယ်ပါအလိုလိုမတ်သွားပြီး
နှုတ်ခမ်းများအထက်သို့ ကွေးညွှန့်သွားသည်။
"ငါက စောလာမိတာကိုး ဝမ်ရိပေါ် ကတိမဖျက်ဘူးဆိုတာ ငါယုံကြည့်သင့်ခဲ့မိတာ"

ဝမ်ရိပေါ် ပြိုင်ပွဲ မစမှီ ဘုရင်ထိုင်နေတဲ့ နေရာကို နောက်တဖန်ကြည့်မိတော့ သူ့ကို တက်ကြွစွာ ပြုံးကြည့်နေတဲ့ ဘုရင့်မျက်နှာကို ရေးရေးလေး လှမ်းမြင်လိုက်သည်။

ဝမ်ရိပေါ်ပါ ပြုံးမိသွားပြီး
"ငါမလာဘူးထင်ပြီး စောစောက စိတ်ဆိုးသွား တာလားမသိ ကျွန်တော်က အချိန်တိကျချင်လို့ပါ အရှင်မင်းကြီး.
အရှင့်အနားနေဖို့ ဘယ်ကတိမှမဖျက်ပါဘူး"

The Secret Thief & His Precious King [Completed]Où les histoires vivent. Découvrez maintenant