Part-18 I'm Ok but....

1.7K 165 10
                                    

Unicode
အပိုင်း-၁၈ အဆင်ပြေပါတယ် အရှင် ဒါပေမဲ့.

နယ်စပ်မြို့က ပြန်လာပြီးတည်းက ရှောင်းကျန့်ကို ဝမ်ရိပေါ် လာမတွေ့တာ သုံးရက်ရှိပြီ​ဖြစ်သည်။ ရှောင်းကျန့် ကိုယ်တိုင်က ဆည်တည်ဆောက်မယ့်ကိစ္စတွေကြောင့် အလုပ်မအားလို့ အာရုံမစိုက်နိုင်သေးတာလဲပါပြီး အမတော် ကလေးမီးဖွားတာတောင် သွားမကြည့်နိုင်သေးပေ။
ယခုလဲ ညီလာခံက ပြန်လာတော့ မယ်တော်က အခေါ်လွှတ်သည် ဆိုသောကြောင့် ထွက်လာခဲ့ခြင်းဖြစ်သည်။

"မယ်တော် သားတော် ရောက်ပါပြီ"
"ရောက်ပြီလား မင်းကြီး ထိုင်ပါဦး"
"ဘာများ အရေးကြီးလို့ပါလဲ မယ်တော်"
"သားတော်ရဲ့ ကြင်ယာတော် မိဖုရား တင်မြှောက်မယ့် ကိစ္စပဲ မင်းကြီး"

ရှောင်းကျန့် ကြင်ယာတော်တို့ မိဖုရားတို့ ကြားရင်အလွန်စိတ်ညစ်မိသည်။ မချစ်မနှစ်သက်ပဲ ဘယ်သူ့ကိုမှ မိဖုရား မမြှောက်ချင်ပေ။ တိုင်းပြည် အရေး လူမှုအရေးတွေသာ လုပ်နေချင်သည်။

"မယ်တော် ဒါက သားတော် အလုပ်အားမှ စဉ်းစားမယ်ပြောထားတယ်မလား"
"သားတော် အလုပ်က တစ်သက်လုံး လုပ်နေရမှာလေ.တိုင်းပြည်ရဲ့မျိုးဆက်အတွက် စဉ်းစားပါ သားတော်"
"သားတော် အသက်မကြီးသေးပါဘူး မယ်တော်..အချိန်ရှိပါသေးတယ်"
"သားတော် အချိန်မဆွဲပါနဲ့တော့ နိုင်ငံတစ်နိုင်ငံရဲ့ အရှင်မင်းကြီးက ကြင်ယာတော် မိဖုရားမရှိတာ မဖြစ်သင့်ပါဘူး"
"ဒါပေမဲ့ မယ်တော်"
"ဆင်ခြေမပေးပါနဲ့တော့ သားတော်..ဒီနိုင်ငံရဲ့ မိဖုရားခေါင်ကြီး အနေနဲ့ မယ်တော့်မှာ စီစဉ်ပိုင်ခွင့်ရှိတယ်..သားတော်ဆီက ခွင့်ပြုချက်ယူနေတာ မဟုတ်ဘူး.အသိပေးတာပါ"
"ဒါဆိုလဲ မယ်တော် စိတ်ကြိုက်စီစဉ်ပါတော့ သားတော်ကို ပြောစရာမလိုတော့ပါဘူး"
"ကောင်းပြီ သားတော်..ရှေ့အပတ် စတင်ရွေးချယ်မယ်"
"သွားခွင့်ပြုပါ မယ်တော်"

ရှောင်းကျန့် ဒေါသကိုမြိုသိပ်ပြီး မယ်တော့်အဆောင်မှ ထွက်ခဲ့သည်။ အမြဲတမ်း ကြိုးကိုင်ခံနေရတဲ့ ဘဝကိုလဲ တကယ်မုန်းပါသည်။ ရှောင်းကျန့် ဘဝမှာ မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရှင်သန်ရတာတစ်ခါတစ်ရံ သာရှိခဲ့သည်။ နိုင်ငံတစ်ခုရဲ့ ဘုရင် မဟုတ်ပဲ သာမန် အရပ်သားအနေနဲ့ပဲ ဘဝကို မွေးဖွားလာခဲ့ချင်သည်။ အခုတော့ စိတ်ပါတာကော စိတ်မပါတာကော တာဝန်တစ်ခုအနေနဲ့ ထမ်းဆောင်ရတာ ရှောင်းကျန့် တကယ် ငြီးငွေ့နေပါပြီ။

The Secret Thief & His Precious King [Completed]Donde viven las historias. Descúbrelo ahora