Part-34 I can't late Jiyang

1.1K 126 8
                                    

Unicode
အပိုင်း-၃၄ ကိုယ်ရံတော်ကို ကယ်တင်ရန် နောက်ကျခဲ့ပြီလား

ဝမ်ဟောက်ရွှမ်းတို့ အိမ်အပျက်ကြီးနားရောက်တော့ အိမ်တစ်ခုလုံးကော ပတ်ဝန်းကျင်ပါ အမှောင်အတိဖြစ်နေသည်။
အိမ်အရှေ့နားတွင်တော့ လူနှစ်ယောက် သေရည်ထိုင်သောက်နေပြီး ဖယောင်းတိုင်မီးလေး တစ်တိုင်သာ အလင်းရှိသည်။

ဝမ်ဟောက်ရွှမ်းတို့ဘက်ကလူက သုံးယောက်ဆိုတော့ တိုက်ပြီး ဝင်ကယ်ရင် နိုင်ချေ ရာနှုန်းပြည့်ရှိသည်။ ဟောက်ရွှမ်း အသင့်ပြင်ကာ ရှေ့ကဦးဆောင်သွားရန် ထွက်လိုက်သော်လည်း..

"အကိုလေး အခြေအနေအရင်ကြည့်ရအောင်"
နောက်လိုက်ကောင်လေး စကားကြောင့် ရပ်လိုက်သည်။ မတိုက်ခိုက်ပဲ ကျိရန်ကို ကယ်ထုတ်နိုင်ရင် ပိုပြီး အဆင်ပြေမည်ဟု တွေးကာ နောက်ပြန်ဆုတ်လိုက်သည်။

"ငါတို့ ပတ်ဝန်းကျင်အခြေအနေကို စောင့်ကြည့်တာပေါ့ ငါ အိမ်ကို လှည့်ကြည့်လိုက်မယ် မင်းတို့ နှစ်ယောက် လူအဝင်အထွက်ကို စောင့်ကြည့်ထား"
"ဟုတ်ကဲ့ပါ အကိုလေး"

ဟောက်ရွှမ်း အိမ်အခြေအနေကို လှည့်ကြည့်ရန်ထွက်လာသော်လည်း
စိတ်တို့က ထွေပြားနေသည်။

"ငါမင်းကို ရအောင်ကယ်မယ် ကျိရန် ဘာမှမဖြစ်လိုက်ပါနဲ့"

အိမ်ရဲ့ဘေးဘက်တွေ အနီးပတ်ဝန်ကျင်အခြေအနေကိုကြည့်လိုက်တော့ ခိုးဝင်ရန် ပြတင်းပေါက်လဲ မရှိ ထူးခြားတာဘာမှမတွေ့ပဲ တောလမ်းလို လမ်းကြိုကြားလေးတစ်ခုသာတွေ့သည်။ အိမ်အနောက်ဘက်မှာတော့ အဝင်တံခါးပျက်တစ်ခုတွေ့လိုက်သောကြောင့် ထိုအပေါက်ကဝင်ရန် ဆုံးဖြတ်လိုက်သည်။ အရှေ့က နောက်လိုက်ကောင်လေးနှစ်ယောက်ကို သွားခေါ်ရန်ပြန်ထွက်လာခဲ့သည်။

ဟောက်ရွှမ်း အိမ်ဘက်က ကပ်မလျှောက်ပဲ အိမ်ဘေး တောလမ်းကြားရှေ့က သတိကြီးစွာ လျှောက်လာလိုက်သည်။ ရုတ်တရက်  ဟောက်ရွှမ်း ခြေထောက်နင်းရတာ မူမမှန်သလိုခံစားရတာကြောင့် ရပ်လိုက်သည်။

လမ်းအဝက ဗန်ဒါပင်က ရော်ရွက်တို့ကြွေကာ သစ်ပင်ကရှင်းလင်းသလောက်ဖြစ်နေလေသည်။ ထို့ကြောင့် မြေပြင်အနှံ့တွင် သစ်ရွက်ခြောက်တို့က ပြန့်ကျဲနေရမည်ဖြစ်သည်။ထိုသစ်ရွက်ခြောက်တို့က မိမိနင်းလိုက်လျှင် သေချာပေါက် ဂျိုးဂျိုးဂျွတ်ဂျွတ်အသံမြင်ရမည်ဖြစ်သော်လည်း မိမိအရှေ့က တစ်စုံတစ်ယောက် နင်းသွားပြီဖြစ်သောကြောင့် အသံမထွက်ခြင်းဖြစ်နိုင်သည်ဟု ဟောက်ရွှမ်းတွေးလိုက်သည်။
ညအမှောင်ထဲမို့ ဟောက်ရွှမ်း ထိုင်ချကာ သစ်ရွက်ခြောက်တို့ကို စမ်းကြည့်လိုက်တော့ နင်းခံထားရ၍ ကြေမွနေပြီးသားဖြစ်နေလေသည်။ လက်က စမ်းလိုက်မိတဲ့ သစ်ရွက်မှာလဲ စးကပ်ကပ်သွေးများမြင်လိုက်ရသော်ကြောင့် ဟောက်ရွှမ်း မစဉ်းစားနိုင်တော့ပဲ ထိုတောလမ်းအတိုင်း ပြေးလိုက်လေတော့သည်။

The Secret Thief & His Precious King [Completed]Tempat cerita menjadi hidup. Temukan sekarang