Part-19 Please stay with me

1.5K 160 2
                                    

Unicode
အပိုင်း-၁၉ ကျေးဇူးပြုပြီး ဒီအရှင်နဲ့တူတူရှိပေးပါ

ပုခက်ထဲက အိပ်ပျော်နေတဲ့ ကလေးလေးကို မျက်တောင်မခတ်ထိုင်ကြည့်ပြီး စိတ်ပျံ့လွင့်နေတဲ့ ရှောင်းကျန့်ကို အမတော်ရှောင်းဟွားကပဲ စကားစရသည်။
"အားကျန့်"
"အမတော်"
"အဆင်ပြေရဲ့လား"
"ကျွန်တော်.."
"မနက်ဖြန် ကြင်ယာတော်ရွေးရတော့မှာမို့ စိတ်လှုပ်ရှားနေတာလား"
"အမ အခုဘဝကိုပျော်ရွှင်ရလား စိတ်ချမ်းမြေ့ရလား"
"ဘာကိုဆိုလိုတာလဲ အားကျန့်"
"အချစ်မပါတဲ့သူနဲ့ ဘဝတစ်ခုကို ဖြတ်သန်းရတာလေ"
"မမပြောမယ် အားကျန့် ဘဝတစ်ခုထူထောင်တယ်ဆိုတာ အချစ် နားလည်မှု ကိုယ်ချင်းစာတတ်မှု အကောင်းမြင်စိတ် အကုန်လိုတယ်...အချစ်ဆိုတာသာရှိရင် ကျန်တာတွေက သူ့အလိုလိုဖြစ်ပြီးသားပါ"
"ဒါဖြင့် မမက ဘာမှမရှိတဲ့ ဗလာနတ္တိ ဆက်ဆံရေးကို ဘယ်လိုရှေ့ဆက်မလဲ"
"မမတို့ ဖြစ်တည်မှုမှာ အဲ့ဒါတွေလိုလို့လား အားကျန့်...မဖြစ်မနေလုပ်ရမယ့် ရိုးရာထုံးစံတွေ လောကနိယာမတွေကြားထဲ မမတို့ ရှောင်ထွက်လို့မရဘူး...
အဲ့တော့ ဗလာနတ္တိဖြစ်နေရင်တောင် ကိုယ်မှ စိတ်မပါရင် ဘယ်သူမှ မတတ်နိုင်ဘူး"
"မမ ဘာကိုဆိုလိုတာလဲ"
"အားကျန့် မနက်ဖြန် ကြင်ယာတော်ရွေးပါ ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ ရွေးချယ်ပါ ဒါထွက်ပြေးလို့မရဘူး...ဒါပေမဲ့ ကိုယ်ရွေးလိုက်တဲ့သူအပေါ် ချစ်ခြင်း မချစ်ခြင်းက ကိုယ့်စိတ်ဆန္ဒအရပဲ.မမတို့က သာမန်လူတွေ မဟုတ်ဘူး"
"အင်း"
"ကြင်ယာတော်ရွေးချယ်ခံမယ့်လူတွေကလဲ မမြင်ဖူးသေးတဲ့ ဘုရင်ကို ချစ်တယ်ဆိုတာထက် မိဖုရား ဖြစ်ချင်ကြတာပဲမလား...အဲ့တော့ ထုံးစံတွေ မပျယ်ဖျက်ပဲ မိဖုရားဆိုတာ ရှိပါစေ..ကျန်တာ အားကျန့် ဆုံးဖြတ်ချက်ပဲလေ"
"ကျွန်တော် မွန်းကျပ်တယ် မမရယ်"
"မမကိုကြည့် အားကျန့်...ဘဝမှာ ချစ်တဲ့သူကိုပဲ အနားမှာထားပါ မောင်လေး... ထုံးစံတွေ ဖြစ်သင့်တာတွေအတွက် ဆောင်ရွက်ရင်း ချစ်ရတဲ့သူနဲ့လဲ ဘဝကို ဖြတ်သန်းလို့ရပါတယ်"
"ကျွန်တော် တကယ်ပဲ အဲ့လို အခွင့်အရေးရှိလား"
"ရှိတယ် အားကျန့်...ဒါကြောင့် ကြင်ယာတော်ရွေးရလို့ စိတ်ထဲ သိပ်မဖိစီးပါနဲ့...ချစ်တဲ့သူအတွက်သာ စဉ်းစားပါ"
"ကျွန်တော် နားလည်ပါပြီ မမ..
ပြီးတော့ ကျေးဇူးလဲတင်ပါတယ်"
"မလိုပါဘူး...ဘဝကိုပုံသေသတ်မှတ်ပြီး ဖြတ်သန်းရတာ မမတစ်ယောက်တည်းလုံလောက်ပါပြီ"
"ကျွန်တော်မမဘက်က အမြဲရှိပေးပါ့မယ်"
"ကိုယ့်ဘာသာ ဂရုစိုက်ပါ အားကျန့်"
"မမလဲ လိုတာရှိရင်ပြောပါ ကျွန်တော်ပြန်တော့မယ်"
"ကောင်းပါပြီ အဆင်ပြေပါစေ မမအားကျန့်လေး"

The Secret Thief & His Precious King [Completed]Onde histórias criam vida. Descubra agora