Part-10 Far Away

2.2K 231 9
                                    

Unicode
အပိုင်း- ၁၀ ပထမဆုံးဝေးကွာခြင်း

ရှောင်းကျန့် တစ်ဖက်နိုင်ငံသွားတာ လေးရက်ပဲရှိသေးသော်လည်း
ဝမ်ရိပေါ် တော်တော်လွမ်းနေလေပြီ။
နန်းတွင်းထဲတွင်လဲ ရဲမက်အသစ်လေးတွေကို သင်ပြရုံကလွဲ ဘာအလုပ်မှမရှိပေ။

ဟောက်ရွှမ်းနဲ့မတွေ့တာ ကြာပြီဖြစ်သောကြောင့် ဘဏ္ဍာတိုက် ရိပေါ်ကူးလာခဲ့သည်။ ကိုယ်ရံတော် ဝင်ပြိုင်သည့်ကိစ္စအတွက် ဟောက်ရွှမ်းက သူ့ကို အနည်းငယ်မှ မတိုင်ပင်သည့်အတွက် ရိပေါ်ကို စိတ်ဆိုးနေသည်။ ပြိုင်ပွဲပြီး တစ်ပတ်ကျော်လုံး သူက ညတာဝန် ကိုယ်ကနေ့တာဝန်နဲ့မို့ အိမ်မှာလဲ သေချာမတွေ့ရပေ။ ဒီနေ့တော့ အလုပ်မရှိတုန်း ခဏထွက်လာခဲ့တာဖြစ်ပြီး ကိုယ်ရံတော် ကိစ္စလဲ တစ်ခါတည်းရှင်းပြ ပြောပြရမည်။

ဝမ်ရိပေါ် လျှောက်လာရင်း ဘဏ္ဍာတိုက်နားရောက်ရန် အလိုနန်းဆောင်တစ်ခုနောက်တွင် စကားတီးတိုးပြောနေကြသည်။
ဝမ်ရိပေါ် စိတ်မဝင်စားသော်လည်း တစ်ဖက်နိုင်ငံနှင့် မင်းကြီးဟူသော အသံ​ကြောင့် အသာလေး ချောင်းကြည့်လိုက်သည်။ ဘဏ္ဍာတိုက်စိုးရယ် အတိုင်ပင်ခံ အမတ်ကြီးရယ်
လက်နက်ရေးရာ အမတ်ကြီးရယ် သုံးယောက်ပြောဆိုနေကြခြင်းဖြစ်သည်။

"စားနပ်ရိက္ခာအတွက် ရွှေချောင်းကိစ္စ ဘယ်သူ့ပြောလိုက်သေးလဲ ဘဏ္ဍာတိုက်စိုး"
"ဘယ်သူမှမပြောရပါဘူး အမတ်ကြီး"
"အခု အခိုးခံလိုက်တော့ ရှေ့ဆက်ဘယ်လိုလုပ်ကြမလဲ"
"ကျွန်တော်မျိုး တာဝန်ထားပါ"
"တစ်ဖက်နိုင်ငံကိုကော အကြောင်းကြားပြီးပြီလား"
"စာချွန်ပို့ထားပါတယ် အမတ်ကြီး"
"ရှင်းယောင်ကိုလဲ ဘုရင့်အနားနေပြီး သေချာစောင့်ကြည့်ခိုင်းထားပါတယ်"
"ကောင်းပြီ အစီအစဉ်တိုင်းဆက်လုပ်ကြမယ်"
"အခု လူစုခွဲကြစို့"

ဝမ်ရိပေါ် ထိုသုံးယောက်ထွက်သွားသည့်တိုင် နေရာမှမခွာမိပေ။ "ဘာတွေကြံနေကြတာလဲ"
ရွှေချောင်းကိစ္စက ဘဏ္ဍာတိုက်စိုးပါ ပေါင်းကြံတာလား"
"ဘုရင့်အတိုင်ပင်ခံ အမတ်ကြီးကဘုရင့်အမတော်ရဲ့ယောက္ခမ ဖြစ်လာမယ့်သူက ဘုရင့်ကို ဘာလုပ်ချင်တာလဲ"

ဝမ်ရိပေါ် တစ်ခုချင်း တွေးနေစဥ်မှာပဲ..
နောက်ကနေ ရုတ်တရုက်
"မင်းကို မိပြီကွ..မပြေးနဲ့" ဟုဆို၍ လက်အားဖမ်းချုပ်ခံလိုက်ရသည်။
ဝမ်ရိပေါ် ပြန်ခုခံရရန် အားသုံးပြီး နောက်သို့ လှည့်ကာ
ချုပ်ထားသော လက်အား ပြန်လိမ်ချိုးလိုက်တော့
"အောင်မလေး သေပါပြီ"
"ဟေ့ကောင်..ဟောက်ရွှမ်း"
"ဝမ်ရိပေါ် မင်း..မင်းငါ့ကို လုပ်တယ်"
"တောင်းပန်ပါတယ်.မင်းက ရုတ်တရက် လာချုပ်တော့..လာလာ..ထထ"
"မင်းက ဘာလာလုပ်တာလဲ ဝမ်ရိပေါ်"
"မင်းနဲ့စကားပြောချင်တာကော တောင်းပန်မလို့ကောကွာ"
"လာလာ ငါနဲ့ လိုက်ခဲ့"

The Secret Thief & His Precious King [Completed]Место, где живут истории. Откройте их для себя