Part-16 We are One

2.6K 189 12
                                    


Unicode
အပိုင်း-၁၆ တစ်သွေးတစ်သားတည်း ပေါင်းစည်းခြင်း

ဝမ်ရိပေါ် နယ်စပ်မြို့ရောက်တော့
အတော်ပင် ညဥ့်​နက်နေလေပြီ။
မြစ်ကမ်းတစ်လျှောက်ကြည့်တော့လဲ လူအရိပ်အယောင်တောင်မတွေ့ရပေ။ မင်းကြီးတို့ လာကြည့်ပြီးသွားပြီလား သေချာမသိရ​ပေ။ မင်းကြီးက တရားဝင်လာတာမဟုတ်ပဲ အရပ်သားအနေနဲ့ လာတာဆိုတော့ တည်းခိုမယ့်နေရာလဲဝမ်ရိပေါ်မသိရပေ။

မင်းကြီးနောက်လိုက် လူလဲ များများစားစား မပါသွားတော့ ဝမ်ရိပေါ် ပို၍ပင် စိတ်ပူမိသည်။
နောက်ဆုံး မထူးတော့ပြီဟု တည်းခိုဆောင်တွေမှာ လိုက်ရှာတော့မယ်ဟု ဆုံးဖြတ်ပြီး မြို့ထဲပြန် ဝင်လာခဲ့လိုက်သည်။

နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးမြို့ဆိုသည့်အတိုင်း ကုန်ပစ္စည်းများ ပိုးထည်များ အစားအသောက်များ အမျိုးအစားစုံလင်စွာဖြင့် ညဈေးသည် စည်ကားနေသည်။ နှစ်နိုင်ငံမှ မိန်းမလှလေးများဖြင့် နာမည်ကြီးသော မြို့လဲ ဖြစ်သည်။
မျက်လှည့်ပွဲများတွင် လူစုများ
ရုပ်သေးပြပွဲတွင် လူစုများဖြင့် ဟိုတစ်စု ဒီတစ်စု တိုးကျိတ်လျက်ရှိသည်။ တည်းခိုဆောင်တွေ အမြောက်အမြားရှိသောကြောင့် ဝမ်ရိပေါ် မင်းကြီးတို့ကို အလွယ်တကူ  ရှာဖွေရန် ဘယ်နည်းနဲ့မျှ မဖြစ်နိုင်ချေ။

ညစျေး လူတွေကြားထဲတိုးရင်း ဝမ်ရိပေါ် အားလျော့လာသည်။ ဒီည မတွေ့လဲ မနက်စောစော မြို့အထွက်မှာပဲ သွားစောင့်နေတော့မည်။ ဝမ်ရိပေါ် တည်းခိုဆောင်တစ်ခုထဲ ဝင်၍ အိပ်စက်ရန်သာ ဆုံးဖြတ်လိုက်သည်။

ဝမ်ရိပေါ် တည်းခိုဆောင် ရောက်တော့
"လူကြီးမင်း ကြွပါ ကြွပါ"
"တစ်ယောက်ခန်း တစ်ခန်းပေးပါ"

ထိုစဉ် ဝမ်ရိပေါ်နားကို အမျိုးသမီးငယ်
တစ်ယောက် အတင်းကပ်လာပြီး
"အို လူကြီးမင်းက တစ်ယောက်တည်း လာတာလား ဒီက နှမလေး အဖော်ပြုပေးရမလား"
"မလိုဘူး အိပ်ခန်းသာပေး"

ထိုအမျိုးသမီးငယ်မှာ ဝမ်ရိပေါ် ငြင်းနေသော်လည်း လက်မောင်းကို အတင်းတွယ်ထားပြီး မလွှတ်ပေးသေပေ။ အဲ့ဒီအချိန် တစ်ခြားဧည့်သည်ဝင်လာသည်မို့ တည်းခိုခန်းပိုင်ရှင် သူဌေးက ထိူလူတွေဘက်ရောက်သွားပြီး
ဝမ်ရိပေါ်တို့ဖြစ်နေတာကို လှည့်မကြည့်တော့ပေ။

The Secret Thief & His Precious King [Completed]Where stories live. Discover now